• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယုံကြည်သူအပြစ်ပြုမိရင်ဆုံးရှုံးမဲ့အရာ

ဆရာရဲမင်း

11 月 20, 2024

ယုံကြည်သူအပြစ်ပြုမိရင်ဆုံးရှုံးမဲ့အရာ

ကယ်တင်ခြင်းရပြီးတဲ့ယုံကြည်သူတစ်ဦးဟာအားနည်းပြီး(ဂလာ၆:၁)အပြစ်ပြုမိတဲ့အခါ၊ကယ်တင်ခြင်းတော့မဆုံးရှုံးပေမဲ့၊ဘာတွေဆုံးရှူံးမလဲဆိုတော့…

၁။ဘုရားသခင်နဲ့မိသဟာယထိခိုက်မယ်။
ဟောရှာ၅၉:၂ သင်​တို့ ဒု​စ​ရိုက်​သည် သင်​တို့​ကို ဘု​ရား​သ​ခင်​နှင့် ကွာ​စေ​ပြီ။ ကြား​တော်​မ​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ပြစ်​သည် မျက်​နှာ​တော်​ကို လွှဲ​စေ​ပြီ။

၂။ပျော်ရွှင်ငြိမ်သက်ခြင်းဆုံးရှုံးမယ်
ဆာလံ၅၁:၁၂ ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။

၃။အမှုတော်မှာပါဝင်ဖို့အားနည်းလာမယ်။
ရောမ၂:၂၁-၂၂ သူ​တစ်​ပါး​ကို​ဆုံး​မ​လျက်​ပင် ကိုယ်​ကို မ​ဆုံး​မ​သ​လော။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်​ဟု တ​ရား​ဟော​လျက်​ပင် ကိုယ်​တိုင်​ခိုး​သ​လော။- သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။

၄။ပုံသက်သေမရှိဘဲဘုရားဘုန်းရှုံ့ချမိမယ်။
မဿဲ၅:၁၆ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။

၅။ထာဝရမှာဆုလာဒ်ဆုံးရှုံးမယ်။
၁ကော၃:၁၃-၁၅အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။- ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

၆။ခေတ္တလက်ရှိဘဝမှာဘုရားဆုံးမခြင်းခံရမယ်။
ဟေဗြဲ၁၂:၅-၆ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။- ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​…။

၇။အချိန်မရောက်ဘဲခေါ်တော်မူခြင်းခံရနိုင်တယ်။
ဘုရားပေးတဲ့အသက်တာမှာဘုန်းတော်မထင်ရှားဘဲဆက်(အမြဲ)ဖြစ်နေရင်လည်းဘုန်းတော်ဝင်စားသွားနိုင်ပါတယ်။အချိန်မရောက်သေးဘဲသေသွားနိုင်ခြင်းပါ။ဘုရားက“ငါ့သားငါ့သမီး၊မင်းတို့ကိုလောကဆီစေလွတ်လိုက်တာအလုပ်သေချာမလုပ်ဘူးဆိုတော့ပြန်လာပါတော့”ဆိုပြီးရုပ်သိမ်းသွားနိုင်တဲ့သဘောပါ။(ဒါကစာရေးသူအမြင်)