• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငွေနဲ့ဝယ်လို့မရတဲ့အရာများ

ဆရာရဲမင်း

11 月 20, 2024

ငွေနဲ့ဝယ်လို့မရတဲ့အရာများ

၁။။ငွေနဲ့အဆင့်မြင့်တိုက်အိမ်ဝယ်လို့ရနိုင်ပေမဲ့၊
ပျော်ရွှင်တဲ့အိမ်ထောင်ကိုတော့ဝယ်လို့မရနိုင်ပါ။

၂။ငွေနဲ့အဆင့်မြင့်နာရီကြီးဝယ်လို့ရနိုင်ပေမဲ့၊
အချိန်ကိုတော့ပြန်ဝယ်လို့မရနိုင်ပါ။

၃။ငွေနဲ့အကောင်းဆုံးကုတင်ကိုဝယ်လို့ရနိုင်ပေမဲ့၊
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကိုဝယ်လို့မရနိုင်ပါ။

၄။ငွေနဲ့စာအုပ်ပေါင်းမြောက်များစွာဝယ်လို့ရနိုင်ပေမဲ့၊
ပညာကိုတော့ဝယ်လို့မရနိုင်ပါ။

၅။ငွေနဲ့အဆင့်မြင့်ဆေးရုံတက်ပြီး ဈေးကြီးတဲ့ဆေးဝါးဝယ်လို့ရနိုင်ပေမဲ့၊
ကျမ်းမာခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၆။ငွေနဲ့အဆင့်ရာထူးကိုဝယ်လို့ရနိုင်ပေမဲ့၊
လေးစားခံရခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၇။ငွေနဲ့သွေးကိုဝယ်လို့ရနိုင်ပေမဲ့၊
အသက်ကိုတော့ဝယ်လို့မရနိုင်ပါ။

၈။ငွေနဲ့ကာမလိင်ကိုဝယ်လို့ရနိုင်ပေမဲ့၊
အချစ်စစ်ကိုတော့ဝယ်လို့မရနိုင်ပါ။

၉။ငွေနဲ့ကစားစရာတွေဝယ်လို့ရနိုင်ပေမဲ့၊
စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၁၀။ငွေနဲ့အလှပြင်ပစ္စည်း‌တွေဝယ်လို့ရနိုင်ပေမဲ့၊
စစ်မှန်တဲ့နုပျိုလှပခြင်းကိုတော့ဝယ်လို့မနိုင်ပါ။

၁၁။ငွေနဲ့အဆင့်မြင့်အစားအစာတွေဝယ်လို့ရနိုင်ပေမဲ့၊
စားချင်စိတ်/စားနိုင်ခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၁၂။ငွေနဲ့သူငယ်ချင်းအပေါင်းအဖော်တွေရအောင်လုပ်ယူလို့ရနိုင်ပေမဲ့၊
စစ်မှန်တဲ့မိတ်ဆွေစစ်ကိုတော့ဝယ်လို့မရနိုင်ပါ။

၁၃။ငွေနဲ့မိန်းမ/ယောကျား ရှာယူလို့ရနိုင်ပေမဲ့၊
စစ်မှန်တဲ့အချစ်ကိုတော့ဝယ်လို့မရနိုင်ပါ။

၁၄။ငွေနဲ့မွေးနေ့ပါတီကြီးကျင်းပလို့ရနိုင်ပေမဲ့၊
အသက်ရှည်ခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၁၅။ငွေနဲ့ကိုယ်ရံတော်ငှားဝယ်လို့ရနိုင်ပေမဲ့၊
စစ်မှန်တဲ့လုံခြုံစိတ်ချခြင်းကိုတော့ဝယ်လို့မရနိုင်ပါ။

၁၆။ငွေနဲ့အသက်အာမခံဝယ်ထားလို့ရနိုင်ပေမဲ့၊
အသက်ရှင်ဖို့ကိုတော့ဝယ်လို့မရနိုင်ပါ။

၁၇။ငွေနဲ့ကောင်းမှုကုသိုလ်တွေလုပ်လို့ရနိုင်ပေမဲ့၊
ထာဝရအသက်ကိုတော့ဝယ်လို့မရနိုင်ပါ။

စဉ်းစားကြည့်ပါ
ငယ်ရွယ်နုပျိုခြင်းနဲ့စတေးပြီးရှာခဲ့တဲ့ငွေကနုပျိုခြင်းကိုပြန်ပြီးမဝယ်ပေးနိုင်ပါလေ။
မိမိအသက်နဲ့ရင်းပြီးရှာခဲ့တဲ့ငွေကမိမိအသက်ကိုပြန်မဝယ်နိုင်ပါလေ။
ပျော်ရွှင်ရမဲ့အချိန်တွေကိုစတေးပြီးရှာခဲ့တဲ့ငွေကစစ်မှန်သောပျော်ရွှင်ခြင်းကိုမပေးနိုင်ပါလေ။
ကိုယ့်အချိန်ကုန်ခံပြီးရှာဆုခဲ့တဲ့ငွေကကိုယ့်အချိန်ကိုတိုးဖို့ပြန်ဝယ်လို့မရခဲ့ပြီလေ။
ကိုယ့်ဘဝတခုလုံးနဲ့ရင်းပြီးရှာခဲ့တဲ့ငွေကကိုယ့်ဘဝသစ်တခုပြန်လည်ရရှိဖို့မလုပ်ပေးနိုင်ပါလေ။
ဒါကြောင့်အချိန်ရှိတုန်းတမန်လွန်အတွက်အသင့်ရှိပါစေလေ။

မဿဲ ၁၆း၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
ရောမ၁၀:၉ အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။