• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကြည့်ပါ၊သိလာမယ်။

ဆရာရဲမင်း

11 月 20, 2024

ကြည့်ပါ၊သိလာမယ်။

၁။ဘားကလပ်မှာသွားကြည့်ပါ
ပိုက်ဆံရှေ့မှာ
ရုပ်ရည်ကအဓိကမကျဘူးဆိုတာသိလာမယ်။

၂။အလုပ်ရုံသွားကြည့်ပါ
စားဝတ်နေရေးရှေ့မှာ
သိက္ခာဆိုတာအရေးမကြီးကြောင်းသိလာမယ်။

၃။ဟိုတယ်သွားကြည့်ပါ။
ဖောက်ပြန်ခြင်းရှေ့မှာ
အပြောသာရှိတဲ့အချစ်ကအလကားဘဲဆိုတာသိလာမယ်။

၄။တစ်ယောက်ထဲခရီးထွက်ကြည့်ပါ။
အထီးကျန်ခြင်းရှေ့မှာ
မိသားစုဆိုတာဘယ်လောက်နွေးထွေးကြောင်းသိလာမယ်။

၅။ဆေးရုံသွားကြည့်ပါ။
ကျန်းမာခြင်းရှေ့မှာ
ငွေကြေးကအရေးအကြီးဆုံးမဟုတ်ဘူးဆိုတာသိလာမယ်။

၆။မီးသင်္ဂြိုလ်တဲ့နေရာသွားကြည့်ပါ။
အသက်ရှင်ခြင်းရှေ့မှာ
ဘယ်အရာကမှသူ့လောက်တန်ဖိုးမရှိမှန်းသိလာမယ်။

၇။သမ္မာကျမ်းစာဖတ်ကြည့်ပါ။
ထာဝရသေခြင်းရှေ့မှာ
ယေရှုခရစ်တော်သာလျှင်သင့်ကိုကယ်တင်နိုင်ကြောင်းသိလာမယ်။

ရှင်မဿဲ 16:26
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။