• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အလုံးစုံကိုသိသောဘုရား

ဆရာရဲမင်း

11 月 20, 2024

အလုံးစုံကိုသိသောဘုရား

ဒီလိုစကားတခွန်းဖတ်မိတယ်-
“လိုင်းပေါ်ဆုအရမ်းမတောင်းနဲ့ဘုရားကလိုင်းမသုံးဘူး”
ဒါကိုယုံကြည်သူတွေအများကြီးထောက်ခံသဘောကျနေကြတာ တွေ့တော့စိုးရိမ်မိတယ်။ဒီစကားကမှန်သလိုနဲ့မှား‌နေတာသတိပြုပါ။ဒီစကားပြောနေတဲ့သူကိုယ်၌ကဘုရားကိုကန့်သတ်လိုက်တာပါဘဲ။ဘုရားသခင်လိုင်းမသုံးလို့လိုင်းပေါ်ဆုတောင်းတာတွေတရားဟောတာတွေ၊Zoomနဲ့ဝတ်ပြုတာတွေကမှားတယ်ထင်နေရင်‌အဲလိုပြောသူကိုယ်၌ကမှားနေပါပြီ။
ဘုရားသခင်ကိုဆုတောင်းတဲ့အခါလိုင်းပေါ်မကဘူး၊ဘယ်နေရာကနေဆုတောင်းတောင်းဘုရားအကုန်ကြားသိကြောင်းနားလည်ထားသင့်ပါတယ်။ဘုရားသခင်အလုံးစုံသိမြင်ကြောင်းသင်မယုံဘူးဆိုရင်၊သင်ဟာခရစ်ယာန်လို့တောင်ပြောလို့မရတော့ပါ။မယုံကြည်သူလို့ဘဲပြောရပါတော့မည်။ဒါကြောင့် ယုံကြည်သူဖြစ်ပြီးမယုံကြည်တဲ့စကားမပြောမိပါစေနှင့်။
အကယ်၍
လိုင်းပေါ်ဆုတောင်းဟန်ပြပြီးတကယ်‌တမ်းတော့ကိုင်းရှိုင်းမှုမရှိဘူးလို့ဖော်ပြချင်ရင်၊တခြားစကားလုံးရှာသုံးသင့်ပါပေတယ်။ဘုရားလိုင်းမသုံးလို့ဘုရားမသိဘူးပြောတာမျိုးကဘုရားရဲ့တတ်နိုင်ခြင်းတန်ခိုးကိုကန့်သတ်လိုက်ခြင်းဖြစ်တာမို့သတိပြုပါ။
ဘုရားကလိုင်းသုံးစရာမလိုပါဘူး၊လိုင်းသုံးနေတဲ့သူဘာလုပ်နေလဲအကုန်သိတဲ့ဘုရားပါ။အာမင်။
‭‭ဆာလံ‬ ‭139:2‭-‬3‬ ‭အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။အ​ကျွန်ုပ်​သွား​သော လမ်း​ကို​လည်း​ကောင်း၊ အိပ်​ရာ​ကို​လည်း​ကောင်း စစ်​ဆေး၍၊ အ​ကျွန်ုပ်​ကျင့်​သော အ​ကျင့်​အ​လုံး​စုံ​တို့​ကို ကျွမ်း​တော်​မူ၏။