• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားရဲ့အချိန်ကိုစောင့်မျော်တတ်ပါ။

ဆရာရဲမင်း

11 月 20, 2024

ဘုရားရဲ့အချိန်ကိုစောင့်မျော်တတ်ပါ။

၁။နောဧနဲ့မိသားစု၊ကတိတော်မိုးလာဖို့သင်္ဘောကြီးဆောက်ရင်းနှစ်ပေါင်း(၁၀၀)နီးပါးစောင့်ခဲ့ရတယ်။
၂။အာဗြံဟံနဲ့ဇနီးကတိတော်ကလေးရဖို့(၂၅)နှစ်ကြာစောင့်ခဲ့ရတယ်။
၃။ယောသပ်အရာခံဘုရင်ဖြစ်ဖို့ထောင်ထဲ(၁၃)နှစ်လောက်စောင့်ခဲ့ရတယ်။
၄။ဣသရေလလူမျိုးတွေကတိတော်ပြည်ကိုဝင်စားဖို့နှစ်ပေါင်း(၄၀)ကျော်လျှောက်ခဲ့ရတယ်။
၅။ဒါဝိဒ်ကဘုရင်ဘိသိတ်ရပြီးနောက်(၁၀)နှစ်ကျော်စောင့်ပြီးမှဘုရင်လုပ်ခွင့်ရခဲ့တယ်။
၆။သခင်ယေရှုခရစ်တောင်တရားဟောဖို့နှစ်ပေါင်း(၃၀)နှစ်အထိစောင့်ခဲ့ရပြီး၊ရှင်ပြန်ထမြောက်ဖို့၃ရက်၃ညစောင့်ခဲ့ရပါ‌သေးတယ်။

ချစ်သောမိတ်ဆွေ
ဘုရားရဲ့အချိန်ကိုစောင့်တတ်ပါစေ၊မလောပါနဲ့။ဘုရားမကယ်တော့ဘူးလား?ဘုရားနားမညောင်းတော့ဘူးလားဆိုပြီးစိတ်ဓာတ်မကျပါနဲ့။မငြီးညူမပြစ်တင်မိပါစေနဲ့။ဘုရားအချိန်ကိုစောင့်ပါ။ဘုရားရဲ့အချိန်ဟာသင့်အလိုကျတစ်ထပ်ထဲမကျခဲ့ရင်‌တောင်၊သင့်အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ယုံကြည်ကိုးစားရင်းအသက်ရှင်သွားပါ၊သင့်အတွက်‌ရောင်နီရောက်လာပါလိမ့်မယ်၊အာမင်။

(‭‭ဆာလံကျမ်း 37:34 MSBU‬
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။)