ကျမ်းစာထဲကခရစ်ယာန်ဘာသာ
ကျမ်းစာထဲမှာခရစ်ယာန်ဘာသာရှိလားတဲ့
အများကြီးရှိပါတယ်
ကျမ်းချက်၅ချက်ချပြပါမယ်။
၁။။ဂလာတိ 1:22 ယုဒပြည်၌ ခရစ်တော်၏ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊
၂။တမန်တော် 18:25သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။
၃။ဒံယေလ 6:5 ဘုရားသခင်၏ ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
၄။၁သက်2:14 ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူတို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့။
၅။ဟေဗြဲ 6:2 ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။
သတိထားရမှာက
ဧဝံဂေလိဟောတဲ့အခါ”ယေရှုကခရစ်ယာန်ဘာသာလာတည်ထောင်တာမဟုတ်ဘူး၊လူကိုလာကယ်တာ”ဆိုပြီးဟောတာမမှားပါဘူး။ဒါပေမဲ့ဒီလိုဟောရင်းဘာသာဆိုတဲ့အခေါ်အဝေါ်ကိုဆန့်ကျင်လာကြတာကမှားပါပြီ။ဘာသာတရားဆိုတာယုံကြည်ကိုးကွယ်မှုရဲ့လုပ်ရပ်(အယူဝါဒ)ကိုပြောတာပါ၊ဘာသာကိုတည်ထောင်စရာမလိုပါဘူး၊ယုံကြည်ကိုးကွယ်မှုအယူဝါဒတခုခုရှိနေပြီဆိုတာနဲ့အဲ့ဒီလုပ်ရပ်ကိုဘာသာလို့ခေါ်သွင်တာဖြစ်ပါတယ်။
အဓိကဆိုလိုချင်တာက
ဘာသာမဝင်နဲ့ယေရှုကိုသာယုံကြည်လို့ပြောတဲ့ခါမှန်သလိုလိုနဲ့တချို့မှားနေတာသတိထားစေချင်ပါတယ်။ယေရှုကိုယုံကြည်သူတိုင်းဟာခရစ်ယာန်ဘာသာဆိုတဲ့ယုံကြည်ကိုးကွယ်မှု(လုပ်ဆောင်မှု)အထဲမှာရှိနေရမှာဖြစ်ပါတယ်။ခရစ်ယာန်ဘာသာဝင်တိုင်းဟာစစ်မှန်တဲ့ယုံကြည်သူဟုတ်ချင်မှဟုတ်ပါလိမ့်မယ်၊ဒါပေမဲ့ယေရှုကိုယုံကြည်သူတိုင်းကတော့ခရစ်ယာန်ဘာသာဝင်(ယုံကြည်ကိုးကွယ်မှုကိုလက် တွေ့လုပ်ဆောင်နေသူ)တွေဖြစ်ပါတယ်။
မှန်ပါတယ်-ဘာသာကလူကိုမကယ်ဘူး-ယေရှုဘုရားကသာလူကိုကယ်တင်တာ။ဒါပေမဲ့အဲဒီကယ်တင်ခံရသူတိုင်းကဒီဘာသာဆိုတဲ့အဆုံးမအတိုင်းနေရတာမို့ဒီဘာသာထဲကဘာသာဝင်တွေသာဖြစ်နေရတာပါ။ဒါကြောင့်ယေရှုကိုယုံကြည်သူတိုင်းဟာခရစ်ယာန်ဘာသာဝင်တွေဘဲဖြစ်ပါတယ်။
ငါခရစ်ယာန်ဘာသာဝင်မဟုတ်ဘူး
ယေရှုကိုယုံကြည်သူပါလို့လူတချို့ပြောလာရင်
အထက်ပါကျမ်းချက်ကိုဆင်ခြင်မိပါစေ။
ဝိညာဉ်တော်အလင်းပေးပါစေ။
အာမင်။