ဆရာရဲမင်း၏လိုင်းပေါ်ဆက်ဆံရေးမူဝါဒ
၁။လူတချို့ကိုမသိပေမဲ့မေတ္တာနဲ့အမှားကိုသတိလာပေးရင်အထူးကျေးဇူးတင်မိပါတယ်။အကယ်၍သတိလာပေးတာကမှားနေရင်တော့ပြန်ရှင်းပြပေးလိုက်တာပါဘဲ၊လက်မခံရင်လွတ်လပ်စွာကျော်သွားပေါ့ဗျာ။
၂။လူတချို့ကိုမမုန်းပေမဲ့Facebookမှာဘလော့(ဘန်း)လိုက်မိတယ်။ဆက်ပြီးဖရန့်လုပ်ထားရင်ဘာအကျိုးမှမရှိဘဲ၊ကျနော်ရေးဟောတဲ့အရာပေါ်အမှားကိုဘဲမီးထွန်းလာလာရှာတတ်သူတွေမို့ပါ။အထူးသဖြင့်ဆရာ့ဆရာကြီးတွေကိုရှောင်ပါတယ်။
၃။လူတချို့တိုက်ခိုက်လာတာကိုတမင်ဥပေက္ခာပြုလိုက်တယ်။ခွေးဟောင်တိုင်းထထကြည့်ရင်အိပ်ရေးပျက်တတ်သလို၊လမ်းမှာဟောင်တဲ့ခွေးကိုအဖက်လုပ်နေရင်လိုရာခရီးမရောက်နိုင်လို့ပါ။
၄။လူတချို့လာငြင်းခုန်တာကို ပြန်ငြင်းခုန်နိုင်ပေမဲ့ငြိမ်ပေးလိုက်တယ်။တချို့လူတွေကအဖြေကိုမလိုချင်ဘူး-မေးဘဲမေးချင်ကြသူတွေမို့ပါ။အဖြေလိုချင်သူကိုတော့သေချာပြန်ဆွေးနွေးပေးလိုက်တာပေါ့ဗျာ။
၅။လူတချို့ကျွန်တော့်ကိုဘလော့ပြီးရှောင်သွားကြတယ်၊ဒါကိုထွေထူးပြောစရာမရှိပါဘူး။လူတိုင်းလွတ်လပ်စွာပေါင်းသင်းရှောင်ရှားခွင့်ရှိလို့ပါ။လူတစ်ယောက်ကိုဘလော့တာလဲအပြစ်မဟုတ်ပါဘူး။ကျွန်တော်လည်းမကြိုက်ရင်ဘလော့လို့ပါ။
လူ့ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်၊ကိုယ်မပျော်(မတော်)ရင်အဲမှာမနေပါနဲ့၊အချိန်ပေးပြီးလိုက်မခံစားနေပါနဲ့၊ဒီလောက်တိုတောင်းတဲ့အသက်တာမှာသင်ပျော်တာ(တော်တာ)လုပ်ပါ။သင့်ကိုလက်မခံသူမုန်းနေသူကြားထဲထွက်ပါ၊လက်ခံသူချစ်သူကြားထဲပျော်ပျော်ကျင်လည်ပါ။
ငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ခြင်းကိုဘုရားသခင်ပေးပါစေ၊အာမင်။