• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မစိုးရိမ်နှင့်မကြောက်နှင့်။

ဆရာရဲမင်း

11 月 20, 2024

မစိုးရိမ်နှင့်မကြောက်နှင့်။

လူတိုင်းအန္တရာယ်ကြုံလာရင်ကြောက်တတ်ကြတယ်။ဖျားနာမှာကြောက်တယ်၊ရောဂါရမှာကြောက်တယ်၊စစ်ဘေးကပ်ဘေးနဲ့ဆင်းရဲမွဲတေမှုကိုကြောက်ကြတယ်။
တချို့ကျ‌တော့အသက်အန္တရာယ်မဟုတ်ပေမဲ့
ငြင်းပယ်ခံရမှာ‌ကြောက်တယ်၊စွန့်လွှတ်ခံရမှာ၊ဝေဖန်ခံရမှာ၊အထင်လွဲခံရမှာကြောက်တယ်။တချို့ကျတော့ သရဲတစ္ဆေကို ကြောက်ကြပြန်တယ်။ကျမ်းစာထဲကလူတစ်ချို့လည်းအကြောက်တရားတွေကိုယ်စီရှိခဲ့ကြတာတွေ့ရတယ်။ဥပမာ
၁။အာဒံနှင့်ဧဝအပြစ်လုပ်ပြီးနောက်၊ဘုရားသခင်ကိုတွေ့ရမှာကြောက်ရွံ့နေကြတယ်။
၂။အာဗြဟံကသူ့မယား အလွန်ချောမောတာမို့၊ အခြားသူတွေသူ့ကိုလာသတ်မှာကြောက်တယ်။
၃။မောရှေကစကားပြောထုံထိုင်းညံ့ဖျင်းတာမို့ ဘုရားခိုင်းတာကိုမသွားရဲဘဲစိုးရိမ်ကြောက်ရွံ့နေတယ်။
၄။ယောရှုကခေါင်းဆောင်လုပ်ရမှာစိုးရိမ်ကြောက်ရွံခဲ့တယ်။
၅။ဧသတာကအစပိုင်းမှာသေမှာကိုကြောက်လို့ဘုရင်မင်းမြတ်ထံမသွားရဲခဲ့ပါဘူး။
၆။ပရောဖက်ဧလိယဟာ မိဖုရားယေဇဗေလကို ကြောက်တာမို့ထွက်ပြေးပုန်းရှောင်ပြီး‌၊သေဖို့ဆုတောင်းခဲ့တယ်။
၇။ဒါဝိဒ်က ပြစ်မှုကျူးလွန်ပြီးနောက်သားသမီးများဆုံးရှုံးမှာကို စိုးရိမ်ခဲ့တယ်။
၈။ရှင်ပေါလုကတော့ ယုံကြည်သူတွေ မိစ္ဆာအယူလွဲထဲပါသွားမှာကိုအထူးစိုးရိမ်ခဲ့တယ်။
၉။ယေရှုခရစ်မေရှိယအစစ်အမှန်ဟုတ်မဟုတ်ကို ဗတ္တိဇံဆရာယောဟန် စိုးရိမ်ခဲ့တယ်။
၁၀။ ယေရှုဖမ်းခံရချိန်တမန်တော်တချို့ကကြောက်ပြီး ထွက်ပြေးသွားကုန်ကြတယ်။

ယနေ့သင်ကောဘာကိုစိုးရိမ်ကြောက်ရွံ့နေလဲ?
စစ်ဘေးလား?
ကပ်ဘေးလား?
အသက်အန္တရာယ်ဘေးလား?
ချစ်သောမိတ်ဆွေ
ဘုရားသခင်ကသင့်ကိုဒီလိုကတိတော်ထားပါတယ်
(မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။ဟေရှာ၄၁း၁၀ )

ဘာလို့ဘုရားသခင်ကမစိုးရိမ်နဲ့မကြောက်နဲ့လို့ပြောရတာလဲ? အဖြေကတော့
၁။ဘုရားသခင်ကသင့်ဖက်မှာရှိလို့။အာမင်။
၂။ဘုရားသင့်ကိုခိုင်ခံ့စေမှာမို့။အာမင်။
၄။ဘုရားသင့်ကိုစောင့်မ(ကူညီ)မှာမို့။အာမင်။
၃။ဘုရားရဲ့အားကြီးခြင်းနဲ့ထောက်မ မှာမို့။အာမင်။

ဒါကြောင့်
မစိုးရိမ်ပါနဲ့မကြောက်ပါနဲ့။
စိုးရိမ်တာကြောက်တာအပြစ်မဟုတ်ပေမဲ့၊စိုးရိမ်ကြောက်ကြမှုကြောင့်ဘာမှကောင်းလာတာမရှိပါ၊စိတ်ငြိမ်ငြိမ်ထားပြီး၊စိုးရိမ်ကြောက်ရွံ့မှုကြုံတိုင်းဘုရားကိုခေါ်ပါ၊ဘုရားကတိပေးထားတာမို့သူကယ်တင်ပါလိမ့်မယ်။အာမင်။
(‭ရှင်လုကာ၁၂:၂၅ အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။)
(‭၁ပေ ၅:၇ သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။)