• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆုတောင်းခြင်းအ‌ခြေခံလမ်းညွန်(၉)ချက်

ဆရာရဲမင်း

11 月 20, 2024

ဆုတောင်းခြင်းအ‌ခြေခံလမ်းညွန်(၉)ချက်

နိဒါန်း
ပဌာနာ(ပတ္ထနာ၊ပဌနာ)ဆိုတာဆုတောင်းခြင်းလို့သက်ရောက်ပါတယ်။တော်ဆိုတာကတော့ကြီးမြတ်ခြင်းကိုပုံ‌ဆောင်ပါတယ်။ဒါကြောင့်ပဌာနာတော်ဆိုတာသခင်ယေရှုသွန်သင်ပေးခဲ့တဲ့ကြီးမြတ်သောဆုတောင်းခြင်းလို့သတ်မှတ်ရပါမယ်။ဒီထဲမှာဘယ်လိုဆု‌တောင်းပြီးဘာတွေဆုတောင်းသင့်သလဲမသိ‌သေးတဲ့သူတွေ၊ဆုတောင်းခြင်းမှာအမှားတွေမဖြစ်အောင် ဒီအချက်(၉)ချက်ကိုသတိပြုခံယူသင့်ပါတယ်။

၁။ကောင်းကင်အဖမို့ယုံကြည်စွာဆုတောင်းပါ။
မဿဲ၆:၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ…။
(ကောင်းကင်အဘ- အဖေနဲ့သားသမီးပတ်သက်မှုဖြင့်ဆုတောင်းခြင်း၊အ‌ဖေမို့မုချ(မုချ)ပေးမည်ဟုယုံကြည်ခြင်း)

၂။မိမိအားဖြင့်ဘုရားဘုန်းတော်ထင်ရှားဖို့ဆု‌တောင်းပါ။
‭ရှင်မဿဲ၆:၉ …ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
(ဘုရားသားသမီးလုပ်တဲ့ကျွန်တော်/မတို့ တောင်ဆုတောင်းခြင်းမှာရိုသေကိုင်းရှိုင်းမှုပုံသက်သေမရှိရင်၊တခြားသူတွေကဘယ်လိုမှဘုရားရဲ့ဘုန်းတော်ကိုရိုသေကြမှာမဟုတ်ပါ။)

၃။ဧဝံဂေလိပျံ့နှံ့ဖို့ရှေးဦးစွာဆုတောင်းပါ။
မဿဲ၆:၁၀ နိုင်ငံတော်တည်ထောင်ပါစေသော။
(ဘုရားနိုင်ငံတော်- ဘုရားသခင်အုပ်စိုးခြင်း။လူတိုင်း ယေရှုကိုယုံကြည်ပြီးဘုရားရဲ့အုပ်စိုးခြင်းအပြည့်အဝသက်ရောက်သွားရင်ဘုရားနိုင်ငံတော်ဟာလူတိုင်းရဲ့အထဲမှာတည်ထောင်လာပါလိမ့်မည်။)

၄။ဘုရားအလိုတော်ကိုဝန်ခံဆုတောင်းပါ။
မဿဲ၆:၁၀ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီး ပေါ်မှာ ပြည့်စုံပါစေသော။
(မိမိလိုချင်တာဖြစ်ချင်တာထက်၊ဘုရားသခင်အလိုတော်အတိုင်းဖြစ်စေဖို့၊ဖြစ်လာတဲ့အလို‌တော်ကိုဝန်ခံနိုင်ဖို့ဆုတောင်းပါ။)

၅။လိုအပ်တဲ့ဝိညာဉ်ခန္ဓာအစာအတွက်ဆုတောင်းပါ။
မဿဲ၆:၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
( ဝိညာဉ်အစာဖြစ်တဲ့ဘုရားစကားနဲ့၊ခန္ဓာအစာဖြစ်တဲ့စားဝတ်နေရေးအတွက်ပါဆုတောင်းတတ်ဖို့သွန်သင်ပါတယ်။)

၆။ခွင့်လွတ်တတ်ဖို့နဲ့ခွင့်လွတ်ပေးဖို့ဆုတောင်းပါ။
မဿဲ၆:၁၂ သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှား သောအပြစ်များကိုအကျွန်ုပ်တို့သည်လွှတ်သကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
(ဒီဆုတောင်းချက်ကဒီလိုသက်‌ရောက်ပါတယ်- ဘုရားသခင်၊သူများကျွန်ုပ်ကိုပြစ်မှားခဲ့သမျှကိုကျွန်ုပ်ခွင့်လွတ်ပြီးမို့၊ကျွန်ုပ်အပြစ်ကိုလည်းဘုရားခွင့်လွတ်ပေးပါ။)
သင်တကယ်ခွင့်လွတ်ပြီးပြီလား?မဟုတ်ရင်ဘုရားရှေ့သင်ဘယ်နှစ်ကြိမ်မုသာပြောပြီလဲ?

၇။မကောင်းမှုမကြုံဖို့၊ကြုံရင်လဲလွတ်မြောက်ဖို့ဆုတောင်းပါ။
မဿဲ၆:၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါ စေဘဲ၊မကောင်းသောအမှုအရာမှလည်းကယ်နုတ်တော်မူပါ။
(စာတန်ရဲ့စုံစမ်းခြင်း၊အပြစ်ရဲ့သွေးဆောင်ခြင်း၊အသွေးသားရဲ့တပ်မက်မှု၊လောကီပျော်မွေ့ဖြားယောင်းခြင်း၊ဒီအရာတွေထဲမကျရှုံးသွားရလေအောင်နေ့တိုင်းသတိနဲ့ဆုတောင်းရပါမယ်။)

၈။ယေရှုနာမဖြင့်ယုံကြည်စွာဆုတောင်းပါ။
မဿဲ၆:၁၃အစိုးပိုင်သောအခွင့်နှင့်ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။
(‌ဘုရားသခင်ဟာအရာခပ်သိမ်းကိုပိုင်သတာမို့သူပေးပိုင်တယ်ဆိုတာယုံကြည်တာ။ဒီအရာကိုရဖို့ယေရှုနာမဖြင့်ဆုတောင်းရမယ်လို့ကျမ်းစာကသွန်သင်- ယော၁၄း၁၃-၁၄၊ ယော၁၅း၁၆၊ယော၁၆း၂၄-၂၆။)

၉။ဆု‌တောင်းပြီးတိုင်းအာမင်ထူးပါ။
မဿဲ၆:၁၃ အာမင် ဟု ဆုတောင်းကြလော့။
(အာမင်ဆိုတာ- ဟီဘရူး(Hebrew) ဘာသာစကားပါ။ အဓိပ္ပာယ်ကတော့တိကျသေချာစွာနားလည်ပြီးယုံကြည်ထောက်ခံခြင်းဖြစ်ပါတယ်။ ဥပမာ သဘောတူလက်မှတ်ထိုးခြင်းလိုပါဘဲ။ “မှန်တယ်၊ဒီအတိုင်းဖြစ်ပါစေ(so let it be)” လို့အဓိပ္ပာယ် သက်ရောက်ပါတယ်။)

နိဂုံး
ပဌာနာတော်မှဆုတောင်းခြင်းအ‌ခြေခံလမ်းညွန်(၉)ချက်
၁။ကောင်းကင်အဖမို့ယုံကြည်စွာဆုတောင်းပါ။
၂။မိမိအားဖြင့်ဘုရားဘုန်းတော်ထင်ရှားဖို့ဆု‌တောင်းပါ။
၃။နိုင်ငံတော်အတွက်ရှေးဦးစွာဆုတောင်းပါ။
၄။ဘုရားအလိုတော်ကိုဝန်ခံဆုတောင်းပါ။
၅။လိုအပ်တဲ့ဝိညာဉ်ခန္ဓာအစာအတွက်ဆုတောင်းပါ။
၆။ခွင့်လွတ်တတ်ဖို့နဲ့ခွင့်လွတ်ပေးဖို့ဆုတောင်းပါ။
၇။မကောင်းမှုမကြုံဖို့၊ကြုံရင်လဲလွတ်မြောက်ဖို့ဆုတောင်းပါ။
၈။ယေရှုနာမဖြင့်ယုံကြည်စွာဆုတောင်းပါ။
၉။ဆု‌တောင်းပြီးတိုင်းအာမင်ထူးပါ။