• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယနေ့အသင်းတော်ရဲ့လိုအပ်ချက်

ဆရာရဲမင်း

10 月 24, 2024

ယနေ့အသင်းတော်ရဲ့လိုအပ်ချက်

၁။ယနေ့လိုအပ်နေတာ
ဘုရားကျောင်းအဆောက်အအုံအကြီးစားမျိုးမဟုတ်၊ဝိညာဉ်ရေးရာကျန်းမာတဲ့အသင်းတော်ပါ။

၂။ယနေ့လိုအပ်နေတာ
အပတ်စဉ်တရားဟောခြင်းနဲ့ကြားနာခြင်းဘဲမဟုတ်၊ဟောပြီးကြားပြီးတဲ့တရားတိုင်းအသက်ရှင်ခြင်းပါ။

၃။ယနေ့လိုအပ်နေတာ
တရားဟောဖို့စကားကြွယ်ခြင်းပြောတတ်ခြင်းမဟုတ်၊ဝိညာဉ်တော်သွန်းလောင်းခြင်းနဲ့ရဲရဲတောက်ဟောကြားခြင်းပါ။

၄။ယနေ့လိုအပ်နေတာ
သမ္မာကျမ်းစာဗားရှင်းအမျိုးမျိုးဘဲမဟုတ်၊ဘုရားနူတ်ထွက်စကားကိုငတ်မွတ်တောင့်တခြင်းပါ။

၅။ယနေ့လိုအပ်နေတာ
ဘုရားကိုသိရှိခြင်းဘဲမဟုတ်၊တကယ့်လက်တွေ့မှာဘုရားကိုကြောက်ရွံ့ရိုသေခြင်းပါ။

၆။ယနေ့လိုအပ်နေတာ
လှပတဲ့ဆုတောင်းချက်စကားလုံးတွေမဟုတ်၊စိတ်နှလုံးထဲကရှိတဲ့အတိုင်းဝန်ခံချပြတတ်ခြင်းပါ။

၇။ယနေ့လိုအပ်နေတာ
အဆိုကောင်းတဲ့ချီးမွမ်းခြင်းဘဲမဟုတ်၊နာမ်ဝိညာဉ်နဲ့သစ္စာဖြင့်ကိုးကွယ်ချီးမွမ်းခြင်းပါ။

၈။ယနေ့လိုအပ်နေတာ
နောင်တမျက်ရည်ဘဲမဟုတ်၊နောင်တနဲ့စပ်ဆိုင်တဲ့လက်တွေ့အသက်တာပြောင်းလဲခြင်းပါ။

၉။ယနေ့လိုအပ်နေတာ
ကြီးမားတဲ့ငွေကြေးလှူဒါန်းခြင်းမဟုတ်၊ကိုယ်စိတ်နှလုံးသုံးပါးလုံးပေးလှူခြင်းပါ။

၁၀။ယနေ့လိုအပ်နေတာ
ခေါင်းဆောင်ပိုင်းဆိုင်ရာရာထူးမဟုတ်၊အစေခံခြင်းဆိုင်ရာစိတ်ဓာတ်ပါ။

၁၁။ယနေ့လိုအပ်နေတာ
ဧဝံဂေလိသာသနာပြုခြင်းဘဲမဟုတ်၊အသက်ပါပေးရဲတဲ့မာတုရစိတ်ဓာတ်ပါ။

၁၂။ယနေ့လိုအပ်နေတာ
ဝတ်ပြုစည်းဝေးဘဲမဟုတ်၊ဝတ်ပြုစည်းဝေးမှာယေရှုဘုရားပါရှိနေစေဖို့ပါ။

၁၃။ယနေ့လိုအပ်နေတာ
ကြွယ်ဝသောသမ္မာကျမ်းစာသွန်သင်ခြင်းမဟုတ်၊သွန်သင်သောသူကိုယ်တိုင်ပုံသက်သေရှိခြင်းပါ။

၁၄။ယနေ့လိုအပ်နေတာ
ဝေဖန်ပြစ်တင်ခြင်းမဟုတ်၊ထောက်မလမ်းပြသတိပေးခြင်းပါ။

၁၅။ယနေ့လိုအပ်နေတာ
ဓမ္မပညာသိရှိခြင်းဘဲမဟုတ်၊သိရှိထားတဲ့ဓမ္မပညာကိုလက်တွေ့အသက်ရှင်ခြင်းပါ။

၁၆။ယနေ့လိုအပ်နေတာ
အပြင်ပန်းကိုးကွယ်ရိုသေခြင်းမဟုတ်၊အတွင်းထဲကကိုင်းရှိုင်းခြင်းပါ။

တမန်တော်ဝထ္ထု ၂၀:၂၈
ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။