• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင့်နှလုံးသားကိုအထူးစောင့်ရှောက်ပါ။

ဆရာရဲမင်း

10 月 24, 2024

သင့်နှလုံးသားကိုအထူးစောင့်ရှောက်ပါ။

♐မနေ့ကဆိုတာဘယ်လောက်ကောင်းခဲ့ပါစေလှည့်ပြန်မသွားနိုင်တော့ပါဘူး။မနက်ဖြန်ဆိုတာတော့ဘယ်လောက်ခက်ခဲပါစေ ဆက်လျှောက်ရမယ့်လမ်းပါ။ဒါကြောင့်ကျော်လွန်ပြီးတဲ့အချိန်ကိုယူပြီးလက်ရှိအချိန်မှာလာအချိန်ကုန်စိတ်ညစ်ခံမနေပါနဲ့။

♐တကယ်တမ်းတော့ဘယ်သူမှကျွန်တော်တို့ကိုစိတ်မညစ်စေနိုင်ပါဘူး၊မိမိကိုယ်၌ကသာသူတပါးစကားကိုယူပြီးလာစိတ်ညစ်နေတာပါ။

♐မစွန့်လွတ်ပစ်နိုင်လောက်တဲ့စိတ်ညစ်စရာဆိုတာမရှိပါဘူး၊မိမိကိုယ်၌က မစွန့်လွတ်နိုင်လို့သာဖြစ်ပါလိမ့်မယ်။

♐အကောင်းမြင်တဲ့စကားအခွန်းတစ်ရာကိုတော့ဂရုမစိုက်ဘဲ၊မကောင်းတဲ့စကားလေးတခွန်းကိုမှဘာလို့သွားဂရုစိုက်နေရတာလဲ?

♐မိမိFBပို့စ်အောက်ကအားပေးတဲ့ကောမန့်အများကြီးကိုတော့အသိမှတ်မပြုဘဲ၊တိုက်ခိုက်ဆဲဆိုတဲ့စကားလေးတခွန်းကိုမှဘာလို့သွားအသိမှတ်ပြုနေရတာလဲ?

♐လူ့ဘဝဆိုတာကြုံလာသမျှမိမိစိတ်နဲ့သာဆိုင်ပါတယ်။စိတ်နှလုံးကokနေရင်အခက်ခဲဖိအားတွေokသွားလိမ့်မယ်။ဒါကြောင့်နှလုံးသားထဲအမြင်ကောင်းတွေရှိစေပါ၊အဆိုးတွေရှိနေရင်တောင်ပျောက်ကုန်ပါလိမ့်မယ်။

ရွှေကျမ်းချက်
သုတ္တံကျမ်း ၄:၂၃ နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊
သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။