သမ္မာတရားဖြင့်အသက်ရှင်ခြင်း
(၁)။ မိဘကိုရိုသေပါ
ဧဖက်ဩဝါဒစာ ၆:၂-၃ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊သင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သောပဌမပညတ်ဖြစ်၏။
(၂)။ ကောင်းသောအကျင့်ကိုကျင့်ပါ
ဧဖက်ဩဝါဒစာ ၂:၁၀ အဘယ်ကြောင့်နည်းဟူမူကား၊ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
(၃)။ သစ္စာရှိပါ
ဟေရှာယအနာဂတ္တိကျမ်း ၂၆:၃ သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုး ဝင်ပါစေ။စိတ်နှလုံး တည်ကြည်သောသူသည်ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။
(၄)။ စိတ်ရှည်သီးခံပါ
ဧဖက်ဩဝါဒစာ ၄:၂ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့်တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊
(၅)။ ဂရုဏာတရားရှိပါ
သုတ္တံကျမ်း ၃:၃ ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
(၆)။ စိတ်နှလုံးနှိမ့်ချပါ
ရှင်မဿဲခရစ်ဝင် ၅:၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏ နိုင်ငံဖြစ်၏။
(၇)။ ဖြောင့်မတ်ပါ
ဆာလံကျမ်း ၃၇:၃၉ဖြောင့်မတ်သောသူတို့၏ကယ်တင်ခြင်းအမှုကိုထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌သူတို့ခိုလှုံရာဖြစ်တော်မူ၏။
(၈)။ အဆုံးတိုင်တည်ကြည်ပါ
ရှင်မဿဲခရစ်ဝင် ၂၄:၁၃ အကြင်သူသည်အဆုံးတိုင်အောင်တည်ကြည်၏။ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
(၉)။ ဝမ်းမြောက်သောသူဖြစ်စေပါ
ဖိလိပ္ပိဩဝါဒစာ ၄:၄ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။တဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။
(၁၀)။ သဘောထားကြီးသူဖြစ်စေပါ
ရှင်မဿဲခရစ်ဝင် ၇:၁၂ သင်တို့သည်ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤပညတ်ကားပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
မှတ်ချက်။ ။သမ္မာကျမ်းစာသွန်သင်ချက်များစွာထဲမှ၊အနည်းငယ်ကောက်နုတ်တင်ပြပါသည်။