• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တဇွတ်ထိုးရလဒ်

ဆရာရဲမင်း

10 月 24, 2024

တဇွတ်ထိုးရလဒ်

လူယောက်ဈေးထဲကနေရှေးဟောင်းတန်ဖိုးကြီးမြေအိုးဝယ်ပြန်လာသတဲ့။ တန်ဖိုးကြီးရှေးပစ္စည်းဆိုတော့ခေါင်းအုံးမှာထားပြီးနေ့တိုင်းထုတ်ကြည့်တယ်။
တနေ့တော့အိပ်နေရင်းသတိလက်လွတ်ဖြစ်ပြီးမြေအိုးပြုတ်ကြသွားတယ်၊အဖုံးနဲ့အိုးတနေရာစီလွင့်သွားသတဲ့။
ညနိုးလာတော့…ဟိုက်သွားပြီ…
ဆိုပြီးလိုက်ကောက်တယ်၊အဖုံးမတွေ့တော့ဘူး၊စိတ်တိုတိုနဲ့ပြောတယ်…အဖုံးမရှိတော့အိုးကြီးဘာလုပ်ရမလဲ…ဆိုပြီးအဖုံးမရှိတော့တဲ့မြေအိုးကိုပြတင်းပေါက်အပြင်ဖက်လွင့်ပြစ်လိုက်သတဲ့။
မိုးလင်းပြီးထတော့မှအိုးဖုံးကကတင်ထောင့်တနေရာမှာအကောင်းပကတိရှိနေတာတွေ့ရသတဲ့။
အီး…ဆိုပြီးပိုစိတ်တို…ဘယ်သူ့မုန်းရမှန်းမသိ… ဒီလိုနဲ့…မြေအိုးလွင့်ပစ်လိုက်မှဒီအဖုံးကအ
ကောင်းပြန်လာတွေ့ရလားဆိုပြီးခြေထောက်နဲ့ဆောင့်နင်းထည့်လိုက်လေတော့တယ်၊အဖုံးကွဲသွားရော။
အဝတ်စားလဲပြီးအပြင်ထွက်လာတော့…
ညကလွင့်ပြစ်လိုက်တဲ့အဖုံးမပါတဲ့မြေအိုးသစ်ပင်ပေါ်မှာအကောင်းပကတိချိတ်နေတာတွေ့ရသတဲ့……

ချစ်သောမိတ်ဆွေ…
တခါတလေမှာကိစ္စတချို့ဟာ…
ခနစောင့်ကြည့်ပြီးမှဆုံးဖြတ်ချက်ချတာ
ကိုယ့်အတွက်အရှုံးမရှိပါ။
အရာအားလုံးဟာသင်ထင်မြင်သလို
ဖြစ်ခြင်မှဖြစ်လိမ့်မယ်။
တဇွတ်ထိုးလုပ်ရပ်ဟာဘာမှအကျိုးမရှိပါ။
အေးဆေးစဉ်းစားဆုံးဖြတ်ပြီး
အချိန်ပေးစောင့်ကြည့်တာဟာ
ညာဏ်ပညာတမျိုးပါ။

ကျမ်းချက်
ဒေသနာကျမ်း ၇း၉ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ်၏။