• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နောင်မှတတဲ့သူမဖြစ်စေနဲ့

ဆရာရဲမင်း

10 月 25, 2024

နောင်မှတတဲ့သူမဖြစ်စေနဲ့

●သမ္မာတရားအကြောင်းဟုတ်လား?
နောက်မှအေးဆေးပေါ့ကွာ၊ခုအချိန်မရှိဘူး။
●ဘုရားကျောင်းဝတ်ပြုသွားမယ်ဟုတ်လား?
အရေးကြီးကိစ္စရှိတယ်၊နောက်မှအေးဆေးပေါ့ကွာ။
●ဆုတောင်းစည်းဝေးဟုတ်လား?
နောက်တပတ်မှပေါ့ကွာ၊ခုသွားစရာလေးရှိလို့။
●ဧဝံဂေလိလုပ်ဖို့ခေါ်တာဟုတ်လား?
အချိန်ကအားလပ်ရပ်မရှိဘူး၊အားမှပေါ့ကွာ။
●အလှူငွေဟုတ်လား?
ပိုက်ဆံရှိမှပေါ့ကွာ၊စီးပွားကောင်းအောင်ဆုတောင်းပေး။

ချစ်သောမိတ်ဆွေ
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ ကောင်းကြီးတွေဆုံးရှုံးရပြီ၊
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ အချိန်တွေဆုံးရှုံခဲ့ရပြီ၊
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ နုပျိုခြင်းတွေဆုံးရှုံးခဲ့ရပြီ၊
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ ကျမ်းမာခြင်းတွေဆုံးရှုံးခဲ့ရပြီ၊
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ ရွှေးချယ်ခွင့်တွေဆုံးရှုံးခဲ့ရပြီ၊
☞…မှပေါ့ကွာ…မှပေါ့ကွာ နဲ့ …ကျန်ခဲ့တာ နောင်တတခုနဲ့သာ။
●လူ့ဘဝဆိုတာတိုတောင်းလှပါတယ်၊
●ဒါကြောင့်”နောင်”မှ “တ”တဲ့လူမဖြစ်ပါစေနဲ့။

ကျမ်းချက်
…ဆိုးသောကာလ မရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လော့။( ဒေသနာကျမ်း ၁၂:၁)