• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သခင်ယေရှုအကြောင်းဘယ်လိုဝေငှကြမလဲ?

ဆရာရဲမင်း

10 月 25, 2024

သခင်ယေရှုအကြောင်းဘယ်လိုဝေငှကြမလဲ?

အရင်ဆုံးပြောချင်တာက…
လူတယောက်ပြောင်းလဲလာတာဟာ၊ပြောပြတဲ့သူကတော်လို့၊စကားပြောတတ်လို့၊ကျမ်းစာတအားကျွမ်းလို့၊ပညာရှိလို့ လုံးဝမဟုတ်ဘူးဆိုတာပါဘဲ။ဟောပြောတာကကိုယ့်တာဝန်၊လူကိုပြောင်းလဲစေတာကဝိညာဉ်တော်ဘုရားပါ။
ဒါဆိုယေရှုအကြောင်းဘယ်လိုဝေငှကြမလဲ?ကိုယ်တိုင်ယုံကြည်နေတာဘယ်လောက်ကောင်းနေကြောင်းကနေစရလိမ့်မယ်၊တနည်းအားဖြင့်…ပြော
တဲ့သူကသူပြောတဲ့တိုင်းဖြစ်နေဖို့ပါဘဲ။ဒါကိုပုံသက်သေ(စံပြ)လို့ခေါ်ပါတယ်၊ဒါကအရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးပါ။
အကယ်၍…သင်ကနေ့တိုင်းသခင်ယေရှုဘယ်လောက်ကောင်းကြောင်းဟောပြောနေပေမဲ့၊ကိုယ်တိုင်ကအကျင့်ဆိုးနေတယ်ဆိုရင်၊ကိုယ်တိုင်ကမချစ်နိုင်မခွင့်လွတ်နိုင်မသီးခံနိုင်ဘူးဆိုရင်၊…စကားဘယ်လောက်ပြောတတ်၊ကျမ်းဘယ်လောက်နားလည်၊ဘယ်လောက်ကြိုးစားနေရင်လဲမထိရောက်နိုင်ပါဘူးမိတ်ဆွေ။ဒါကြောင့်သခင်ယေရှုအကြောင်းမဟောပြောခင်မှာသခင်ယေရှုလိုအသက်ရှင်နေထိုင်ဖို့လိုအပ်ပါတယ်၊ကိုယ်ကသူများထက်တမူထူးခြားပြီးကောင်းနေရင်သူများကစိတ်ဝင်စားကြမှာအမှန်ပါ၊ဧဝံဂေလိလုပ်ဖို့လဲလွယ်ကူမှာပါ။

ခုလက်ရှိကိုကြည့်မယ်ဆိုရင်…
တချို့က ကိုယ့်ဘုရားကိုချစ်လွန်းလို့ရန်ဖြစ်ရတဲ့အထိကာကွယ်နေကြတဲ့ခရစ်ယာန်တွေ…ကိုယ်မှားနေမှန်းမသိကြဘူး၊
Facebookမှာဘာသာရေးလုပ်လိုက်ရင်ကိုယ့်ဘုရားကိုယ်ကာကွယ်လို့ ရိုင်းဖို့ဝန်မလေးကြဘူး၊ဒီမှာတချို့ခရစ်ယာန်တွေလဲပါနေတာတွေ့တော့စိတ်မကောင်းဘူး၊
စကားနိုင်လုတာကိုယ့်ဖက်ကနိုင်သွားလို့လဲတဖက်သားကယေရှုကိုယုံကြည်လာနိုင်မှာမဟုတ်ပါဘူး။ဆဲရေးတိုင်းထွာတာကိုယ်ကနိုင်သွားလို့ဆိုပြီးပျော်နေတဲ့ခရစ်ယာန်ကရှိသေး၊
တချို့ခရစ်ယာန်တွေကဘာသာခြားတွေယုံလာအောင်မမှန်တဲ့သက်သေကခံလိုက်သေး၊နောက်ပြီးတချို့ခရစ်ယာန်တွေလုပ်နည်းက…ဘာသာထဲဝင်မှဟိုဟာပေးမယ်ဒီဟာရမယ်ဆိုတာမျိုးကလည်းလုပ်ရဲသေး၊
အတူတကွဆင်ခြင်ကြပါကုန်
…………………………………………………………………………

ကျမ်းချက်
ရှင်မာကုခရစ်ဝင် ၁၆:၁၃သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။
ရှင်မာကုခရစ်ဝင် ၁၆:၁၄သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။