• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နူတ်ကပတ်တော်ကိုခိုင်းနိုင်းသောအရာ(၁၀)မျိုး

ဆရာရဲမင်း

10 月 25, 2024

နူတ်ကပတ်တော်ကိုခိုင်းနိုင်းသောအရာ(၁၀)မျိုး

၁။နို့ရည်လိုစိတ်ဝိညာဉ်ကိုကြီးထွားစေသည်။
ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊- အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊- ဖွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။၁ပေ ၂:၁-၃

၂။ပျားရည်ထက်ချိုမြိန်တဲ့ပျော်ရွှင်ငြိမ်သက်ခြင်းရစေသည်။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။
ဆာလံကျမ်း၁၉:၉-၁၀

၃။အလင်းလိုကောင်းသောလမ်းကိုညွန်ပြသည်။
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။ဆာလံကျမ်း၁၁၉:၁၀၅

၄။သန်လျက်လိုပိုင်းဖြတ်ပြီးကောင်းမကောင်းသိမြင်စေသည်။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ဟေဗြဲဩဝါဒစာ၄:၁၂

၅။သံတူကဲ့သို့မာကျောသောစိတ်ကိုထုခွဲနိုင်သည်။
ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
ယေရမိအနာဂတ္တိကျမ်း ၂၃:၂၉

၆။မီးကဲ့သို့မသန့်ရှင်းသောအရာကိုစစ်ကျောစီရင်နိုင်သည်။
ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
ယေရမိအနာဂတ္တိကျမ်း ၂၃:၂၉

၇။မျိုးစေ့လိုနှလုံးသားမြေထဲကျဲစေသည်။
မျိုးစေ့ကြဲသောသူသည် တရားစကားကို ကြဲ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၄:၁၄

၈။မိုးရေလိုနှလုံးသားထဲကတရားမျိုးပေါက်စေသည်။
မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၅၅:၁၀-၁၁

၉။မှန်တချက်လိုအပြစ်ကိုဖော်ပြတတ်သည်။
တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ရှင်ဟာကုပ်ဩဝါဒစာ ၁:၂၃

၁၀။ရွှေထက်မကအဖိုးတန်သောအမြတ်ဆုံးရတနာဖြစ်သည်။
ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။ဆာလံကျမ်း ၁၉:၁၀