• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငါနှင့်ငါ့အိမ်သားဖြစ်လျှင်ထာဝရဘုရားကိုသာဝတ်ပြုမည်။

ဆရာရဲမင်း

11 月 11, 2024

ငါနှင့်ငါ့အိမ်သားဖြစ်လျှင်ထာဝရဘုရားကိုသာဝတ်ပြုမည်။
ဒီစကားဟာဣသ‌ ရေလလူတွေကိုယောရှုပြောခဲ့တဲ့(ဘုရားကိုဆက်ဝတ်ပြုမပြုရွေးချယ်စေခဲ့တဲ့)စကားပါ၊ဒီစကားအားဖြင့်သင်ခန်းစာ၂ချက်ရတာက…
၁။ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့အတင်းအဓမ္မမဟုတ်ပါဘူး၊ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ပါ။
၂။အိမ်ထောင်ဦးစီးတယောက်အနေနဲ့ကိုယ့်မိသားစုကိုဦးဆောင်ပြီး‌မွန်မြတ်တဲ့အရာ(ထာဝရဘုရားကိုသာဝတ်ပြုခြင်း)ကိုကိုးကွယ်ဖို့လမ်းပြတတ်ဖို့လိုပါတယ်။

ဆုတောင်း
အဖဘုရား၊ဘုရားသခင်ကိုသာဝတ်ပြုခွင့်ရလို့ကျေးဇူးတော်ချီးမွမ်းပါတယ်၊ယောရှုလိုဘဲအသက်အိုလာတဲ့အခါမှာလည်းမိသားစုနဲ့နောင်လာ နောက်သားများကိုထာဝရဘုရားကိုသာဝတ်ပြုတတ်စေဖို့ရန်သွန်သင်လမ်းပြတတ်သောသူဖြစ်စေပါမည့်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား။
အာမင်။