• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားစကားမကြားရတဲ့ကာလ

ဆရာရဲမင်း

11 月 11, 2024

ဘုရားစကားမကြားရတဲ့ကာလ

တခါမှမစဉ်းစားမိကြဘူးထင်ပါတယ်၊မဖြစ်လာနိုင်ပါဘူးကွာလို့ထင်ခဲ့ကောင်းထင်ခဲ့မယ်။အစကကိုဗစ်‌ ကြောင့်ဝတ်ပြုခွင့်မရတာကနေအစပြုလာတယ်၊ဒါ‌ပေမယ့်အွန်လိုင်းပေါ်ကနေဝတ်ပြုလာခဲ့လို့ရခဲ့သေးတယ်။ဒါကိုတချို့ကတန်ဖိုးမထားကြ‌သေးဘူး။ခုတနှစ်လောက်အကြာမှာ…
ကယ်
အခုတော့
မြန်မာပြည်မှာအွန်လိုင်းတွေပါပိတ်ဖို့အခြေနေကြုံလာရပြီ၊ခုစာရေးတင်နေတာတောင်ဖိုင်ဘာအင်တာနက်နဲ့(ဒါတောင်ဘယ်ချိန်ပိတ်သွားမလဲမသိ)။ နောက်ဆိုကျမ်းစာပါမဖတ်ရဘဲဖြစ်သွားမယ်။ဒါကြောင့်ဘုရားစကားကြားရတဲ့အချိန်ဘုရားစကားကိုတန်ဖိုးထားခံယူပါမိတ်‌ဆွေ၊နောက်ဆုံးသောကာလမှာသမ္မာသတိရှိပါစေ။

အာမုတ်အနာဂတ္တိကျမ်း8:11 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။
ထပ်ဆင့်ပြုပြင်ခြင်း-ခုတော့လိုင်းပွင့်လာပါပြီ။ဘုရားစကားကိုတန်ဖိုးထားပါ။