နောက်ဆုံးသောကာလနိမိတ်(၁၅)ချက်
၁။စစ်တိုက်ခြင်းများဖြစ်ခြင်း
ရှင်မာကုခရစ်ဝင် ၁၃:၇-၈သင်တို့သည် စစ်တိုက်ကြောင်းကို၎င်း၊ စစ်တိုက်ခံသောသိတင်းစကားကို၎င်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
၂။ကူးစက်ရောဂါပေါများလာခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၇လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၃။မိစ္ဆာပရောဖက်နှင့်ခရစ်တော်အတုပေါ်လာခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၅အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
ရှင်မာကုခရစ်ဝင် ၁၃:၂၂အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည်။
၄။ယုံကြည်သူများဖိနှိပ်ခံရခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၂ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့်မည်။
၅။ငလျင်ပိုမိုလှုပ်ခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၆။ကောင်းကင်နိမိတ်ဖြစ်ပေါ်ခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁(ခ)မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
၇။အစာခေါင်းပါးခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၈။ချစ်ခြင်းမေတ္တာခေါင်းပါးလာခြင်း
ရှင်မဿဲ၂၄:၁၂မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
၉။နေထိုင်မှုဘဝပိုပြီးခက်ခဲလာခြင်း
၂တိ၃:၁-၅နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။
၁၀။လွဲမှားသောတရားကိုပိုနှစ်သက်လာခြင်း
၂တိ၄:၃-၄အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။- သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
၁၁။သမ္မာတရားကိုပျက်ရယ်သူများလာခြင်း
၂ပေ၃:၃-၄ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊- သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။
၁၂။ကိုယ့်ကျင့်တရားပျက်ဆီးလာခြင်း
တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁-၅နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
၁၃။ခေတ္တအရာကိုသာ၍နှစ်သက်လာခြင်း
၂တိ၃:၁-၅နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
၁၄။ဖောက်ပြန်သင်းခွဲခြင်း(မိသားစု၊အသင်းတော်)
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ၂:၃အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။
၁၅။ဧဝံဂေလိပြန့်နှံ့သွားခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၁၄လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
သေချာသမ္မာသတိနဲ့အသက်ရှင်ကြပါ။အချိန်သိပ်မရှိတော့ဘူး။