ကယ်တင်ခြင်းသတင်းကောင်း
ကျွန်တော်တို့နေ့တိုင်းလုပ်နေတဲ့အပြစ်တရား(အကုသိုလ်)ဆိုတာရောဂါနဲ့တူပြီးယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကဆရာဝန်ရဲ့ကုသခြင်းနဲ့တူပါတယ်။
အရင်ဦးဆုံးသင်သိထားရမှာက
သင်ရောဂါရှိနေတာဆရာဝန်ကြောင့်မဟုတ်သလို၊သင်အပြစ်ရှိနေတာယေရှုခရစ်ကြောင့်မဟုတ်ပါဘူး။
ဆရာဝန်ဆီသင်မသွားတာမို့သေရမယ့်ရောဂါရလာတာမဟုတ်ပါဘူး၊သင်နဂိုရောဂါရှိနေတာကိုဆရာဝန်ဆီသွားမကုသလို့သာရောဂါကြောင့်သေရတာပါ။တနည်းအားဖြင့်သင်ရောဂါရှိလာတာဆရာဝန်ကြောင့်မဟုတ်တာပါ။
ဒီလိုပါဘဲ၊ယေရှုကိုမယုံကြည်လို့ငရဲသွားရမယ့်အပြစ်သင့်မှာရှိလာတာမဟုတ်ပါဘူး။သင်နဂိုကတည်းကမိမိလုပ်ရပ်(အကုသိုလ်မကောင်းမှု)ကြောင့်ငရဲသွားရမှာသေချာနေတာကိုကယ်တင်ရှင်ယေရှုဆီမလာလို့ငရဲသွားရမှာပိုသေချာသွားတာပါ။တနည်းအားဖြင့် ယေရှုကငါ့ကိုမယုံရကောင်းလားဆိုပြီးသင့်ကိုငရဲပို့တာမဟုတ်ပါဘူး။သင့်အပြစ်ကြောင့်သင်ငရဲသွားရတာပါ။ကယ်တင်ပေးမယ်ဆိုတာမယုံလို့အပါအဝင်ပေါ့။
တကယ်တမ်းတော့
ကောင်းမှုလုပ်တာနည်းပြီးမကောင်းမှုလုပ်တာများနေတဲ့လူတိုင်းဟာဘာနဲ့တူနေလဲဆိုတော့၊အကုသိုလ်ဆိုတဲ့ပင်လယ်မှာရေနှစ်နေတာနဲ့တူပါတယ်။ဒီလိုရေနှစ်နေသူကိုကမ်းပေါ်ကနေဟိုလိုကူးပါလား၊ဒီလိုလုပ်ပါလားဆိုပြီးနည်းပြလမ်းပြ(တရားပြ)နေရင်ရေနှစ်နေသူကလိုက်မလုပ်နိုင်လို့သေမှာမုချပါဘဲ။သင်ပြတဲ့ရေကူးနည်းကမကောင်းတာမဟုတ်ပါဘူး၊ရေနှစ်နေသူကိုယ်၌ကလိုက်မလုပ်နိုင်လို့သေတာပါ။
သတင်းကောင်းကတော့
ယေရှုခရစ်တော်ဘုရားဟာ
ဒီလိုအကုသိုလ်ပင်လယ်ထဲရေနှစ်နေသူကိုလက်ကမ်းပေးပြီးကယ်တင်သူပါဘဲ။သူလာတာဟာရေနှစ်နေသူကိုအရင်နည်းပြ(တရားပြ)ဖို့လာတာမဟုတ်ပါဘူး၊ဆင်းကယ်ဖို့လာတာပါ။သူကမ်းပေးတဲ့လက်ကိုကိုင်စွဲလိုက်ရုံနဲ့သင်ကယ်တင်ခြင်းရပါပြီ။
ယနေ့အကုသိုလ်ပင်လယ်ထဲမိမိကောင်းမှုလုပ်ခြင်းနဲ့မလွတ်မြောက်နိုင်တဲ့လူတိုင်း၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်ရုံနဲ့ကယ်တင်ခြင်းခံရမှာဖြစ်ပါတယ်။ကယ်တင်ခြင်းခံရပြီးသူတိုင်းကိုလည်းအသက်တာမှာကောင်းမှုလုပ်နိုင်အောင်ယေရှုဘုရားအတူပါရှိပေးနေမှာပါ(တရားပြပြီးမိမိကိုယ်ကိုကယ်တင်ခိုင်းတာမဟုတ်ဘဲသူကအရင်ကယ်တင်ပြီးမှသင့်ကိုတရားပြတာပါ)။ဒါဟာယနေ့သင့်အတွက်သတင်းကောင်းပါမိတ်ဆွေ။
ဒီကယ်တင်ရှင်ယေရှုကိုသင်လက်ခံလိုလျှင်ဒီလိုဆုတောင်းပါ
အဖဘုရား၊ယေရှုဘုရားရဲ့ကယ်တင်ခြင်းသတင်းကောင်းကိုကြားရပြီးနားလည်သဘောပေါက်စေတဲ့အတွက်ကျေးဇူးတင်ပါတယ်။တဆူတည်းသောဘုရားကိုသိခွင့်ရပါပြီ၊ကျွန်ုပ်ဟာအပြစ်ရှိကြောင်းဝန်ခံပါတယ်၊အပြစ်အတွက်တရားစီရင်ခံရမှာကိုမလွတ်မြောက်နိုင်တာသိရလို့ကယ်တင်ရှင်ယေရှုဘုရားကိုယုံ
ကြည်လက်ခံပါမည်။ကျွန်ုပ်အပြစ်အတွက်ယေရှုအသေခံပြီး
ရှင်ပြန်ထမြောက်သွားကြောင်းကိုယုံကြည်ပါသည်။အရင်ကမသိနဲ့ဘဲပြစ်မှားမိခဲ့တဲ့အပြစ်များအားလုံးကိုဆေးကြောခွင့်လွတ်ပေးတော်မူပါ။လူသစ်၊စိတ်သစ်၊ကိုယ်သစ်ပြုပြင်ပေးပါ၊ယေရှုတပါးထဲကိုသာထာဝရကိုးကွယ်သွားပါမည်။သန့်ရှင်းသောဝိညာဉ်တော်လမ်းပြသွန်သင်ပေးပါ။ကယ်တင်ပိုင်ရှင်ယေရှုနာမအား
ဖြင့်ဆုတောင်းပါသည်အဖဘုရား၊အာမင်။
ပြီးရင်
သင့်ပတ်ဝန်းကျင်မှာရှိတဲ့ခရစ်ယာန်အသင်းတော်တပါးပါးမှာရှာပါဝင်ပြီးနှစ်ခြင်းမင်္ဂလာခံယူပါ။ခရစ်ယာန်အသက်တာကိုသန့်ရှင်းစွာဆက်လက်အသက်ရှင်ပါ။ပိုမိုသိလိုလျှင်ဒီစာရေးသူဆရာရဲမင်းကိုမက်စင်ဂျာကတဆင့်လည်းဆက်သွယ်နိုင်ပါသည်။ဘုရားသခင်ကောင်းကြီးပေးပါစေ။
ရှင်မာကုခရစ်ဝင် 2:17 MSBU ယေရှုသည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု သူတို့အား မိန့်တော်မူ၏။
ရှင်ယောဟန်၃:၁၆ယေရှုခရစ်ကိုယုံကြည်လက်ခံသောသူတိုင်းမိမိအပြစ် ကြောင့်ပျက်စီးရာမရောက်ဘဲထာဝရအသက်(ကောင်းကင်ဘုံကိုဝင်စား)ရမည်။