အခြေနေဆိုးထဲကချီးမွမ်းခြင်း
ဘဝမှာအခြေနေဆိုးတဲ့အထဲကနေဘယ်လိုကျေးဇူးတော်ချီးမွမ်းသင့်ပါလဲ?အဖြစ်ပျက်လေးတခုနဲ့ခွန်အားပေးချင်ပါတယ်။
တခါကယုံကြည်သူတစ်ဦးရဲ့အိမ်ကိုသူခိုးဝင်ပြီးပစ္စည်းဝင်ခိုးသွားပါသတဲ့။ဒါကိုသူငယ်ချင်းတွေကြားတော့ဖုန်းဆက်ပြီးသူ့ကိုနှစ်သိမ့်စကားပြောလာကြပါတယ်။ဒါပေမဲ့ဒီယုံကြည်သူကတော့ဘုရားသခင်ကိုကျေးဇူးတင်ကြောင်းပြန်ပြောလိုက်တဲ့အခါသူ့သူငယ်ချင်းတွေကပိုစိုးရိမ်ကြပါတယ်၊ရူးသွားပြီလားပေါ့၊
ဒါကြောင့်သူ့ကိုပြန်မေးတယ်၊မင်းအိမ်မှာသူခိုးဝင်ခိုးသွားတာဘာကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ရသလဲပေါ့။ဒီယုံကြည်သူကပြန်ဖြေလိုက်တယ်…ဒီကိစ္စမှာဘုရားသခင်ကိုကျေးဇူးတင်ရမဲ့အချက်အနည်းဆုံး(၄)ချက်ရှိပါတယ်၊
အဲဒါကတော့ …
၁။ခဏခဏအခိုးခံရတာမဟုတ်ဘဲဒီတကြိမ်သာကြုံရတာမို့၊သင်ခန်းစာအများကြီးရလို့၊သတိပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။
၂။သူခိုးကခိုးသွားတာကပစ္စည်းသာဖြစ်တယ်ငါ့နဲ့မိသားစုအသက်မဟုတ်သေးဘူ၊ငါတို့ခုထိအသက်ရှင်နေသေးလို့ကျေးဇူးတော်ချီးမွမ်းတယ်။
၃။သူခိုးခိုးသွားတာကရှိတဲ့ဥစ္စာထဲကအချို့ဘဲ၊အိမ်နဲ့အခြားအရာကျန်သေးတာကျေးဇူးတော်ဘဲ။
၄။သူခိုး(ဒုစရိုက်ပြုသူ)ကငါမဟုတ်ဘဲအခြားလူဖြစ်နေလို့ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။
ဟုပင်။
ချစ်သောမိတ်ဆွေ
ကျွန်တော်တို့အသက်တာမှာလည်းသေချာကြည့်ရင်ကျေးဇူးတော်ချီးမွမ်းစရာမရှိတာမဟုတ်ပါဘူး၊ကျွန်တော်တို့ကသာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမမြင်လို့၊မရေတွက်လို့၊ချီးမွမ်းလိုတဲ့စိတ်မရှိလို့စိတ်ညစ်နေရတာပါ။အခုဘဲအ ခြေနေဆိုးထဲကကျေးဇူးတော်ရေတွက်ချီးမွမ်းလိုက်ပါ၊သင်ငြိမ်သက်ခြင်းရပါလိမ့်မည်။အာမင်။
ဟဗက္ကုတ် ၃:၁၇-၁၈သင်္ဘောသဖန်းပင်မပွင့်၊စပျစ်ပင်မသီး၊သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံ၊ လယ်တို့သည်အသီးအနှံကိုမပေး၊ သိုးခြံ၌သိုးကုန်၍တင်းကုပ်၌နွားမရှိ။ သို့သော်လည်း၊ထာဝရဘုရား၌ငါဝမ်းမြောက်၍၊ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။