ထပ်ဆင့်ကျေးဇူးတော်(၁၀)မျိုး
နိဒါန်း
ရှင်ယောဟန် 1:16ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်လို့ပြောလိုက်တဲ့အခါဘုရားသခင်ရဲ့အလိုတော်ဖြစ်သလိုယုံကြည်သူတိုင်းလုပ်ရမယ့်အရာတခုလဲဖြစ်ပါတယ်။ကျေးဇူးတော်ချီးမွမ်းခြင်းဟာဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာကိုရယူလှဲလှယ်ဖို့အကြောင်းပြချက်မဟုတ်ပေမယ့်၊
ဒီလိုကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ပူဇော်တတ်တဲ့လူတစ်ယောက်ဟာထပ်ဆင့်ကျေးဇူးတော်ကျေးဇူးတော်အများကြီးပြန်ခံစားရကြောင်းကျမ်းစာအားဖြင့်နားလည်ရပါတယ်။ဒီအများကြီးထဲကနေဒီနေ့အားလုံးနဲ့အတူအချက်(၁၀)ချကက်လောက်နဲ့ခွန်အားပေးချင်ပါတယ်။
၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး
ဆာလံကျမ်း ၅၀:၁၄-၁၅”ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။
၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး
ဆာလံကျမ်း ၆၉:၃၀-၃၁” ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွါနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။
သုတ္တံကျမ်း ၁၆:၇လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး
၁ကော၁:၂-၆မှာရှင်ပေါလုဟာကောရိန်သုအသင်းသားတွေကိုစာရေးပေးတဲ့အခါသုံးထားတဲ့အသုံးနုန်းလေးပါ။အမှန်တော့ကောရိန်သု
အသင်းတော်ဟာပြသနာအများဆုံးနဲ့အဆိုးရွားဆုံးအခြေနေကလူတွေပါ၊ဒါပေမယ့်ရှင်ပေါလုကဒီလူတွေကိုသန့်ရှင်းသောသူအပြစ်ကင်းစင်သောသူဆိုပြီးသူတို့အတွက်ကျေးဇူးတော်ချီးမွမ်းပြီးစကားအစချီခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကျေးဇူးတော်အမြဲချီးမွမ်းတတ်သူဟာသူတပါးအပေါ်အမြင်ကြည်လင်စေပြီးဝေဖန်ပြစ်တင်မှုနည်းလာမှာပါ။သူတပါးရဲ့မပြည့်စုံမှုကိုဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ဖုံးအုပ်တတ်သောသူဖြစ်လာပါလိမ့်မယ်။
၄။ခန္ဓာစိတ်ဝိညာဥ်ချမ်းသာရခြင်းကျေးဇူး
ယောနတ္ထု ၂:၉အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
၅။ငြိမ်သက်စောင့်မခြင်းကျေးဇူး
ဖိလိပ္ပိဩဝါဒစာ ၄:၆-၇အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူး
ယောဘ1:20-22ထိုအခါ ယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။
၇။နှစ်ဆသောဥစ္စာကောင်းကြီးကျေးဇူး
ယောဘ42:10,12-13,16ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။ ထိုသို့ ထာဝရဘုရားသည် ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်၊ မြည်းမတစ်ထောင်ကို ရတတ်၏။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကိုလည်း ရပြန်၏။ ထိုနောက် ယောဘသည် အနှစ်တစ်ရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ
၈။ကျန်းမာရွှင်လန်းခြင်းကျေးဇူး
သုတ္တံကျမ်း ၁၇:၂၂မှာ” စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။”လို့ဆိုပါတယ်။ကျေးဇူးတော်အမြဲရေတွက်နေတတ်တဲ့သူဟာရွှင်လန်းခြင်းကိုရရှိနေသူဖြစ်ပြီး၊စိတ်အမြဲရွှင်လန်းနေတဲ့သူဟာကျန်းမာခြင်းရဲ့အခြေခံအုတ်မြစ်ဘဲဆိုတာသမ္မာကျမ်းစာကဆိုထားသလိုလက်ရှိဆေးပညာပိုင်းမှာလဲသက်သေထူထားပါပြီ။ဒါကြောင့်ကျေးဇူးတော်အမြဲရေတွက်ချီးမွမ်းတတ်သောသူဟာကျမ်းမာရွှင်းလန်းခြင်းကျေးဇူးကိုထပ်ဆင့်ခံစားရပါလိမ့်မယ်။
၉။ရန်သူကိုအောင်မြင်ခြင်းကျေးဇူး
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၂-၂၃ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။
၁၀။ဘုရားသခင်ရဲ့နှစ်သက်ခံရခြင်းကျေးဇူး
ရှင်လုကာ၁၇:၁၇-၁၉ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ ‘
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်တဲ့သူတွေဟာထပ်ဆင့်ကျေးဇူးတော်၁၀မျိုးဖြစ်တဲ့
၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး
၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး
၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး
၄။ခန္ဓာစိတ်ဝိညာဥ်ချမ်းသာရခြင်းကျေးဇူး
၅။ငြိမ်သက်စောင့်မခြင်းကျေးဇူး
၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူး
၇။ကျန်းမာရွှင်လန်းခြင်းကျေးဇူး
၈။နှစ်ဆသောဥစ္စာကောင်းကြီးကျေးဇူး
၉။ရန်သူကိုအောင်မြင်ခြင်းကျေးဇူး
၁၀။ဘုရားသခင်ရဲ့နှစ်သက်ခံရခြင်းကျေးဇူး
ဒီလောက်ကောင်းတဲ့အရာကိုရယူဖို့ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုအတူတကွပူဇော်ကြပါစို့။