• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မပေါ်မလွင်ပေးလှူပါ။

ဆရာရဲမင်း

11 月 14, 2024

မပေါ်မလွင်ပေးလှူပါ။

ကျွန်တော်(ဆရာရဲမင်း)လုပ်ဆောင်နေတဲ့အမှုတော်မြတ်မှာငွေကြေးနဲ့ပါဝင်လာသူတချို့ရှိပါတယ်။ဘယ်သူဘယ်ဝါဆိုတာဖော်ပြမှာမဟုတ်ပါဘူး။လူရှေ့မှာပေါ်လွင်တာထက်ကွယ်ရာမှာပြုတဲ့ပေးလှူခြင်းဟာဘုရားရှေ့မှာသာ၍ပေါ်လွင်တာမို့ပါ။သာ၍ကောင်းကြီးရစေတာမို့ပါ။အာမင်။
ကျွန်‌တော်ကိုယ်တိုင်ကအဲလိုကျင့်သုံးသလိုအဲလိုသွန်သင်ပါတယ်။ကျွန်‌တော်ပေးလှူလိုက်တဲ့နေရာတိုင်းမှာကျွန်‌တော့်နာမည်မ‌‌ဖော်ပြဖို့တကူးတကတောင်းဆိုတတ်ပါတယ်၊တကယ်လဲဒီလိုလုပ်တဲ့အခါလက်တွေ့မှာသာ၍ကောင်းကြီးသက်‌သေရလာပါတယ်။တကယ်ပါညီကိုမောင်နှမတို့၊သင်လည်းဒီလိုမပေါ်မလွင်ပေးလှူကြည့်ပါ၊လက်တွေ့သက်သေခံစားရပါလိမ့်မယ်။အာမင်။
သတိထားရမှာက၊သင့်ရဲ့ပေးလှူခြင်းဟာလူရှေ့မှာပေါ်လွင်လွန်းရင်ဘုရားရှေ့မှာမှေးမိန်သွားတတ်ပါတယ်။

မဿဲ၆:၃-၄ သင်​သည်အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။- မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။

အကျိုးကိုထင်ရှားစွာပေးတော်မူလတ္တံ့၊ဟာလေလုယာ။အာမင်။