အမြဲတမ်းတည်နေတဲ့ချစ်ခြင်း
တခါတုန်းက
ဆရာကြီးချားစ်ပါဂျင်(Charles Spurgeon)ဟာရွာကသူငယ်ချင်းဆီအလည်သွားပါတယ်။
ရွာကသူငယ်ချင်းဟာသူ့ဂိုဒေါင်ထိပ်မှာလေတိုက်ရာရွေ့တတ်တဲ့ပန်ကာငယ်လေးတခုထောင်ထားပြီး၊အဲဒီပန်ကာပေါ်မှာGod is love (ဘုရားသခင်ဟာချစ်ခြင်း)လို့ရေးထိုးထားပါသတဲ့။
ဒါကိုဆရာကြီးချားစ်ပါဂျင်တွေ့သွားပြီးသူငယ်ချင်းကိုမေးပါတယ်
“ဘာလို့ဒီစာကိုဒီလိုအမြဲရွေ့လျားနေတဲ့အရာပေါ်ရေးကပ်ထားရတာလဲ?ဘုရားရဲ့မေတ္တာကအမြဲတမ်းရွေ့လျားနေတယ်၊မတည်ငြိမ်ဘူးလို့ခံယူတာလား”ပေါ့။
ဒါကိုသူငယ်ချင်းက
“မဟုတ်ပါဘူးကွာ၊ငါခံယူတာက ငါ့ဘဝမှာလေမုန်တိုင်း(အခက်ခဲ)ဘယ်လောက်ကျရောက်နေပါစေ၊ဘုရားရဲ့မေတ္တာဟာအမြဲငါ့ဆီကမကွာဘဲရှိနေတယ်ဆိုတာငါကိုယ်ငါအမြဲသတိရစေဖို့ပါ”ဟု၍ပင်။
မှန်ပါတယ်မိတ်ဆွေ
သင်အခက်ခဲဘယ်လောက်ကြုံတွေ့နေပါစေဘုရားရဲ့မေတ္တာကဒီအရာတွေကြောင့်ဝေးကွာသွားမှာမဟုတ်ပါဘူး။ဘုရားသခင်သင့်ကိုထာဝရချစ်နေတယ်ဆိုတာအမြဲသတိရပါ။
(ရောမ၈:၃၈-၃၉အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။)အာမင်။