• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းအရအလုပ်လုပ်ရခြင်းအကြောင်းရင်း(၇)ချက်

ဆရာရဲမင်း

11 月 16, 2024

သမ္မာကျမ်းအရအလုပ်လုပ်ရခြင်းအကြောင်းရင်း(၇)ချက်

၁။ဘုရားသခင်ခိုင်းတဲ့အမိန့်မို့ပါ။
လူတွေအလုပ်လုပ်နေရတာအပြစ်လုပ်ပြီးကျိန်ခြင်းခံနေရလို့မဟုတ်ပါ။အပြစ်မရှိခင်အလုပ်ရှိပြီးဖြစ်ပါသည်။
(ကမ္ဘာ၁:၂၇-၂၈ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေ​ကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။)
ကမ္ဘာ၃:၁၉အရချွေး​ထွက်​မှ အ​စာ​ကို​စား​ရ​မည်။ဆိုတာအလုပ်မှာမ ပျော်ဘဲပင်ပန်းစွာလုပ်နေရခြင်းကိုဆိုလိုပါတယ်။(ကမ္ဘာ၃:၁၇-၁၉)

၂။စားဝတ်နေရေးအတွက်မို့ပါ
(၂သက်၃:၁၀အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။)
(၁တိ၅:၈မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။)

၃။အမှုတော်မြတ်မှာပေးလှူနိုင်ဖို့ပါ။
(ရာဇဝင်ချုပ်ပထမစောင် ၂၉:၁၄ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။အ​ကျွန်ုပ်​တို့​သည်ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာကိုယ်​တော်​အားပူ​ဇော်​ပါ၏။)
(၁ကော၁၆:၂ငါ​ရောက်​လာ​သော​အ​ခါ လှူ​ဒါန်း၍ စု​ထား​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ အ​သီး​အ​သီး ကောင်း​စား​သည်​အ​တိုင်း၊ မိ​မိ​တို့​ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍ စု​ထား​ကြ​လော့။)

၄။ကောင်းမှုပြုပေးကမ်းနိုင်ဖို့ပါ။
( ဧဖက်၄:၂၈ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊မိ​မိ​လက်​နှင့်ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။)

၅။ပုံသက်သေဖြင့်ဘုရားဘုန်းထင်ရှားစေဖို့ပါ။
(မဿဲ၅:၁၄-၁၆သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ …သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။)

၆။အများအကျိုးအဖို့ပါ။
(ဂလာတိ၆:၁၀ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။)

၇။ကောင်းကြီးခံစားရဖို့လမ်းမို့ပါ။
(သုတ္တံကျမ်း ၁၃:၄ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။)
(ယာကုပ်၁:၁၆ကောင်း​မြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။)