ဘုရားမလုပ်နိုင်တာရှိပါသလား?
တချို့ကဟေဗြဲ၆:၁၈ကိုအခြေပြုပြီးပြောတယ်၊ဘုရားမလုပ်နိုင်တာရှိတယ်တဲ့…
ဘုရားကအပြစ်မလုပ်နိုင်ဘူး၊
ဘုရားကကျနော်တို့ကိုမမုန်းနိုင်ဘူး၊
ဘုရားကမလိမ်နိုင်ဘူး၊
ဘုရားကကတိမပျက်နိုင်ဘူး၊
ဘုရားကမတရားမလုပ်နိုင်ဘူး၊
မလုပ်နိုင်ဘူး….မလုပ်နိုင်ဘူး….
etc…တခြားပြောချင်ရင်အများကြီးရှိပါသေးတယ်။နားထောင်လိုက်ရင်မှန်သလိုပါဘဲ။ဒါပေမယ့်…
ဘုရားသခင်ကအပြစ်နဲ့အဆိုးတွေကိုမလုပ်နိုင်လို့မလုပ်ဖြစ်တဲ့ဘုရားသာဆိုရင်၊သူဟာအရာရာကိုတတ်နိုင်တဲ့ဘုရားမဟုတ်သလို၊အပြစ်မလုပ်နိုင်လို့စာတန်လိုမဖြစ်တာပါဆိုပြီးပြောစရာရှိပါတယ်။အမှန်ကလူတွေကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတဲ့ဘုရားကလွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့လွတ်လပ်ခြင်းရဲ့အရင်းအမြစ်(ပိုင်ရှင်)ဖြစ်ပါတယ်။
ဒါကြောင့်ဘုရားသခင်ဟာမကောင်းတာမလုပ်နိုင်တာမဟုတ်ပါဘူး၊သူမလုပ်တာပါ။ဥပမာဖြောင့်မတ်တဲ့တရားသူကြီးကမတရားမှုလုပ်နိုင်တဲ့“လွတ်လပ်မှု”ရှိပေမယ့်သူမတရားမလုပ်တာပါ။ဒါမှစစ်မှန်တဲ့ဖြောင့်မတ်ခြင်းဖြစ်ပါတယ်။
ဒီလိုပါဘဲ ကောင်းမြတ်တဲ့ဘုရားကမကောင်းမှုကိုလုပ်နိုင်တဲ့“အာဏာ”ရှိပေမယ့်သူလုံးဝ(လုံးဝ)မလုပ်တာပါ။ဒါမှသူရဲ့ကောင်းမြတ်ခြင်းကပိုပေါ်လွင်ဝာာပါ။
ဥပမာ
ကျွန်တော်တို့အပြစ်သားကိုသူမမုန်းနိုင်တာမဟုတ်ပါဘူး၊မမုန်းနိုင်လို့ချစ်နေရတယ်ဆိုရင်ရွေးချယ်စရာမရှိလို့လုပ်နေရသလိုဖြစ်နေပါလိမ့်မယ်။အမှန်ကသူမုန်းဖို့“လုပ်နိုင်”ပါတယ်၊သူမမုန်းဘဲအနိုင်းမဲ့ချစ်နေတာမို့သူဟာ“ချစ်ခြင်းမေတ္တာရှင်”ဖြစ်နေတာပါ။အာမင်။
ဒါကြောင့်ယနေ့ကျွန်တော်တို့သိထားရမှာက၊ဘုရားသခင်ဟာအရာခပ်သိမ်းကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်၊သူမတတ်နိုင်တာမရှိဘူးဆိုတာပါဘဲ။သူမလုပ်တာဘဲရှိတာပါ။
မလုပ်နိုင်ခြင်းနဲ့မလုပ်ခြင်းကအင်မတန်ကွာပါတယ်။မလုပ်နိုင်ခြင်းကအကန့်အသတ်ရှိပြီး၊မလုပ်ခြင်းကတော့ခပ်သိမ်းကိုတတ်နိုင်ပေမယ့်မလုပ်ခြင်းသာဖြစ်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
ကမ္ဘာ၁၇:၁ထာဝရဘုရားက“ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။”(အနန္တတန်ခိုးရှင်ဆိုတာအရာခပ်သိမ်းကိုတတ်နိုင်ခြင်းပါ၊ကျမ်းစာမှာနေရာအများကြီးဒီစကားလုံးဖော်ပြပါတယ်)။