နိုင်းယှဉ်အထင်သေးမှုမရှိစေနှင့်
၁။အခြားသူကို ဒီဆရာလိုနေ့တိုင်းတရားဟောနေနိုင်လို့လား?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့၊ဘုရားထားတဲ့နေရာချင်းမတူလို့ပါ၊မိမိကျရာနေရာမှာသစ္စာရှိဖို့သာလိုပါတယ်။နေ့တိုင်းတရားဟောနေနိုင်သူဟာ တော်တတ် နေလို့မဟုတ်၊ဘုရားသူ့ကိုပေးထားတဲ့ဆုကျေးဇူးပါ။
၂။အခြားသူကို ဒီဆရာလိုလူဘယ်နှစ်ယောက်ကိုပြောင်းလဲလာအောင်လုပ်ပြီးပြီလဲ?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။လူကိုပြောင်းလဲစေတာဆရာတွေမဟုတ်ပါဘူး၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားသာဖြစ်ပါတယ်။မိမိကျရာနေရာမှာသာသစ္စာရှိရှိဆက်ကပ်ပါ။
၃။အခြားသူကို ဒီဆရာတွေလိုလမ်းပေါ်ထွက်ပြီးတရားဟောရဲလို့လား?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။ဧဝံဂေလိဟောခြင်းကလမ်းပေါ်ထွက်မှဟောလို့ရတာမဟုတ်ပါဘူး၊အဲလိုလုပ်ကိုလုပ်မှရမယ်လို့မသတ်မှတ်ပါနဲ့၊မိမိကျရာကဏ္ဍမှာသစ္စာရှိရှိသာပါဝင်ပါ။
၄။အခြားသူကို ဒီဆရာလိုရှိတာအကုန်ရောင်းပြီးပေးကမ်းရဲကြလို့လားဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။အမှုတော်ဆောင်တိုင်းက ရောင်းစရာပစ္စည်းရှိသူတွေမဟုတ်တာမို့ပါ၊မိမိပိုင်ဆိုင်ထားတဲ့အထဲကဘုရားအတွက်သစ္စာရှိရှိပါဝင်နေရင်လုံလောက်ပါပြီ။
၅။အခြားသူကိုဒီဆရာလိုကျမ်းစာမူရင်းနဲ့ကျွမ်းကျင်စွာရေးသားဟောပြောတတ်လို့လားဆိုပြီးတဖက်သားကိုအထင်မသေးမိပါစေနဲ့။အမှုတော်မြတ်မှာဆက်ကပ်ခြင်းဟာတော်ဖို့တတ်ဖို့အဓိကမကျပါဘူး၊သစ္စာရှိသောငယ်သားကောင်းဖြစ်ဖို့သာလိုပါတယ်၊ကျန်တာဘုရားပြင်ဆင်ပေးပါလိမ့်မယ်။
၁ရာ၁၆:၇ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။