• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဒုက္ခကြားကချီးမွမ်းခြင်းအကြောင်းရင်း(၇)ချက်

ဆရာရဲမင်း

11 月 18, 2024

ဒုက္ခကြားကချီးမွမ်းခြင်းအကြောင်းရင်း(၇)ချက်

နိဒါန်း
ခရစ်ယာန်ယုံကြည်မှုဟာတခြားနဲ့မတူဘဲထူးခြားမှုအများကြီးရှိနေပါတယ်။ဒီအများကြီးထဲကတခုပြောပါဆိုရင်အခက်ခဲပြဿနာကြားကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနိုင်ခြင်းပါဘဲ။ဘာလို့ဒီလိုခဲယဉ်းဆိုးယုတ်တဲ့အခြေနေထဲကနေကျေးဇူးတော်ချီးမွမ်းနေနိုင်ကြသလဲဆိုတာကိုအကြောင်းရင်း(၇)ချက်နဲ့အလင်းပေးပါမယ်။

၁။ခရစ်တော်ရဲ့ဆင်းရဲခြင်းကိုဆက်ခံခွင့်ရလို့။
(၁ပေ၄:၁၂-၁၃ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။)

၂။ဘုရားအတူပါရှိခြင်းကိုသက်သေရလို့
(ယော၁၆:၃၃သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။)အခြားကျမ်း၂ကော၁၂:၇-၉။

၃။ဘုရားကိုလက်တွေ့မြင်လာရလို့
(ယောဘ၄၂:၅သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။)

၄။ယုံကြည်ခြင်းတိုးပွားလာစေလို့
(၁ပေ၁:၆-၇အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။)

၅။သူတပါးကိုနှစ်သိမ့်တတ်လာစေလို့။
(၂ကော၁:၄ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။)

၆။ဘုရားဆုံးမပြုပြင်ပေးနေတာမို့
(ယော၁၅:၂ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။)အခြားကျမ်း ဟေဗြဲ၁၂:၅-၈။

၇။ထာဝရကိုပို‌မျှော်လင့်တတ်လာလို့။
(ရောမ၈:၁၈၊၂၃ငါ​တို့​အားပေါ်​ထွန်း​လ​တ္တံ့​သောဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကိုပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။…ထို​မျှ​မ​ကဝိ​ညာဉ်​တော်၏ကျေး​ဇူး​တော်အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။)

နိဂုံး
ဆင်းရဲဒုက္ခနဲ့အခက်အခဲတွေကြားမှာယုံကြည်သူတွေဟာဘုရားသခင်ကိုချီးမွမ်းနေနိုင်သေးခြင်းအကြောင်းရင်းကအခက်ခဲဟာ
၁။ခရစ်တော်ရဲ့ဆင်းရဲခြင်းကိုဆက်ခံခွင့်ရလို့ပါ။
၂။ဘုရားအတူပါရှိခြင်းကိုသက်သေရလို့ပါ။
၃။ဘုရားကိုလက်တွေ့မြင်လာရလို့ပါ။
၄။ယုံကြည်ခြင်းတိုးပွားလာစေလို့ပါ။
၅။သူတပါးကိုနှစ်သိမ့်တတ်လာစေလို့ပါ။
၆။ဘုရားဆုံးမပြုပြင်ပေးနေတာမို့ပါ။
၇။ထာဝရကိုပိုမျော်လင့်တောင်တတ်လာလို့ဘဲဖြစ်ပါတယ်။