မှားယွင်းတဲ့အစာရှောင်ခြင်း(၅)မျိုး
နိဒါန်း
အစာရှောင်ဆုတောင်းခြင်းဆိုတာခရစ်ယာန်ယုံကြည်မှုမှာအရေးပါတဲ့အရာတခုဖြစ်ပါတယ်။အစာရှောင်ဆုတောင်းခြင်းအားဖြင့်ဘုရားနဲ့ပိုနီးစပ်စေသလိုဝိညာဉ်ခွန်အားလည်းရှိစေနိုင်ပါတယ်။ဒါပေမယ့်အစာ ရှောင်တဲ့နည်းလမ်းမမှန်ရင်တော့အျကျိုးမရှိစေသည်မကအပြစ်ပါထြစ်သွားနိုင်တာမို့ အစာရှောင်တဲ့အခါဘယ်အမှားတွေကိုသတိထားရမလဲဆိုတာကိုအချက်(၅)ချက်နဲ့ဝေငှအလင်းပါမယ်။
၁။ချီးမွမ်းခံချင်လို့အစာရှောင်ခြင်း
မဿဲ၆:၆-၁၈သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။
၂။အစာငတ်ခံဆန္ဒပြတဲ့အစာရှောင်ခြင်း
အစာရှောင်ခြင်းဆိုတာဘုရားသခင်ကို“ဒါမပေးမချင်းငါထမင်းမစားဘူး၊မပေးရင်ငါသေပြမယ်”ဆိုတဲ့ဆန္ဒပြတောင်းခံခြင်းမျိုးလုံးဝမဟုတ်ရပါ။ဘုရားနဲ့သွားပြီးအပေးအယူတောင်းဆိုမှုလုပ်ဖို့လူ တွေမှာထိုက်တန်သူမရှိပါဘူး။အစာ ရှောင်ခြင်းဆိုတာဆုတောင်းဖို့အာရုံစိုက်နိုင်အောင်အထောက်အကူနဲ့ဘုရားသခင်ဆီအသနားခံခြင်းသာဖြစ်ပါတယ်။
ရောမ၃:၁၀ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။
၃။အစာသာရှောင်ပြီးဆုမတောင်းခြင်း
နေဟမိ၁:၄ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား…။
မဿဲ၁၇:၂၁သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။
၄။အစာရှောင်ပြီးအကျင့်ဆိုးနေခြင်း
ဟေရှာ၅၈:၃-၈…သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာလုပ်စေကြ၏။ သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မလက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။…လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဖို့ လျှော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရား နှစ်သက်တော်မူသောနေ့ရက် ဟူ၍လည်းကောင်း မှည့်အပ်သလော။
(ယောလ၂:၁၂အဝတ်မဆုတ်ဘဲနှလုံးသားကိုဆုတ်ပါ)
၅။ဘာသာရေးအရအစာရှောင်ခြင်း
လုကာ၁၈:၁၂ အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။
နိဂုံး
သမ္မာကျမ်းစာအရမှားယွင်းတဲ့အစာရှောင်ခြင်း(၅)မျိုးဟာ
၁။ချီးမွမ်းခံချင်လို့အစာရှောင်ခြင်း
၂။အစာငတ်ခံဆန္ဒပြတဲ့အစာရှောင်ခြင်း
၃။အစာသာရှောင်ပြီးဆုမတောင်းခြင်း
၄။အစာရှောင်ပြီးအကျင့်ဆိုးနေခြင်း
၅။ဘာသာရေးအရအစာရှောင်ခြင်း
စသည်တို့ဖြစ်ပါတယ်။