ပုံသက်သေဖြင့်အသက်ရှင်ခြင်း
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၄:၁၂သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။
နိဒါန်း
တိမောတေဩဝါဒစာစောင်ဟာရှင်ပေါလုမှတိမောသေကိုရေးပေးတဲ့စာစောင်ဖြစ်ပါတယ်၊ပေါလုကမာကေဒေါနိဖက်ကိုသွားရမှာမို့ဧဖက်အသင်းတော်ကိုသိမောသေဆီအပ်ခဲ့ပါတယ်။အသက်ငယ်သေးတဲ့တိမောသေကိုအသင်းတော်ဦးဆောင်တဲ့အခါပုံသက်သေနဲ့အတူသူတပါးတည်ဆောက်စရာဖြစ်စေဖို့အချက်၆ချက်နဲ့ပေါလုကသွန်သင်ပေးခဲ့ပါတာပါ။အဲဒီအချက်တွေကတော့ …စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်းနဲ့စင်ကြယ်ခြင်းအရာတွေမှာပုံသက်သေရှိဖို့ဘဲဖြစ်ပါတယ်။ဒီကျမ်းချက်လေးအားဖြင့်ယနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာမှာလဲဒီပုံသက်သေအားဖြင့်အသက်ရှင်ဖို့သွန်သင်နေတာဖြစ်ပါတယ်။
၁။စကားပြောရာမှာပုံသက်သေဖြစ်စေပါ။
အချက်၆ချက်ထဲမှာစကားပြောခြင်းကိုပထမနေရာထားပြီးသတိပေးရခြင်းဟာ၊လူတိုင်းအသက်တာမှာအလုပ်ထက်အပြောကများနေကြလို့ဖြစ်ပါတယ်။၁တိ၃:၈မှာအထူးသဖြင့်တည်ကြည်သောသူဖြစ်ပါ၊လျှာနှစ်ခွမဖြစ်စေနဲ့လို့ပြောထားပါတယ်၊အဓိပ္ပာယ်ကတော့လူရှေ့မှာတမျိုးကွယ်ရာမှာတမျိုးမပြောပါနုဲ့ဆိုလိုတာပါ၊ရှင်ယာကုပ်ကလဲသူ့ရဲ့စာစောင်မှာလျှာဟာမီးဖြစ်တယ်၊သေးသေးလေးနဲ့တတောလုံးကိုလောင်နိုင်ကြောင်းသတိပေးထားပါတယ်၊ဒါကြောင့်လျှဟာလူတယောက်ကိုလောင်ကျွမ်းစေနိုင်သလိုအေးနေတဲ့စိတ်ဓာတ်ကိုလဲနွေးလာစေနိုင်ပါတယ်။သူတပါးကိုတည်ဆောက်စေနိုင်သလိုဖျက်စီးစေနိုင်ပါတယ်။ဒါကြောင့်လဲသုတ္တံကျမ်း ၁၂:၁၈မှာသန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ပညာရှိတို့၏လျှာမူကားအနာကိုပင်ပျောက်စေတတ်၏။လို့ပြောထားတာပါ။ယနေ့ယုံကြည်သူခရစ်ယာန်များကျွန်တော်တို့ရဲ့အပြောအဆိုအားဖြင့်သူတပါးချော်လဲနေလားတည်ဆောက်စရာဖြစ်နေလားဆင်ခြင်သင့်ပါတယ်။အထူးအထူးသဖြင့်ညစ်ညူးသောစကားတခွန်းကိုမှပါးစပ်ထဲကနေမထွက်စေပါနှင့်။ကိုယ်ပြောလိုက်တဲ့စကားဟာကြားနာသော သူအတွက်အကျိုးဖြစ်စေဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြပါလို့ဧဖက်ဩဝါဒစာ၄:၂၉မှာတိကျစွာသွန်သင်ထားပါတယ်။ဘာကြောင့်လဲဆိုတော့ယနေ့ယုံကြည်သူတွေဟာဒီပါးစပ်နဲ့ဘုရားကိုချီးမွမ်းတယ်ဒီပါးစပ်နဲ့ဘဲဘုရားဖန်ဆင်းထားတဲ့လူတွေကိုကျိန်ဆဲနေတာသင့်တော်သလားလို့ရှင်ယာကုပ်ကိုယ်တိုင်ထယာကုပ်3:9-10ဒမှာမေးခွန်းထုတ်ထားပါတယ်။ချစ်သောညီကိုမောက်နှမတို့ယနေ့ကျွန်တော်တို့ပြောနေတဲ့စကားတွေဟာသူတပါးအတွက်ပုံသက်သေဖြစ်နေပြီလား?ပုံသက်သေဖြစ်စေဖို့အတူအသက်ရှင်ကြပါစို့။ဒါပထမအချက်ဖြစ်ပါတယ်။
၂။ကျင့်ကြံပြုမူရာမှာပုံသက်သေရှိစေပါ။
ကျင့်ကြံပြုမူခြင်းဆိုတဲ့အရာမှာအထူးသဖြင့်ယုံကြည်သူအသက်တာမှာသွားလာလုပ်ရှားမှုတခုဆီတိုင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။အသင်းတော်ရောက်မှကောင်းပြတာမဟုတ်ဘဲ၊ဘယ်မှာနေနေဘာဘဲလုပ်လုပ်၊ကိုယ့်လုပ်ရပ်အားလုံးအခြားလူတည်ဆောက်စရာဖြစ်စေပါ၊ကိုယ့်လုပ်ရပ်အားဖြင့်ယေရှုခရစ်တော်ကိုထင်ရှားစေပါ။လုပ်ရပ်တိုင်းဟာဘုရားသခင်ဘုန်းထင်ရှားစေပြီးဩသပစိတ်ကြည်လင်နေပါစေ။ကိုယ့်ယုံကြည်ရာနဲ့ကိုက်ညီသောအသက်တာရှိစေပါ။ဥပမာလေးတခုနဲ့ဝေငှပါရစေ၊တခါကအမှုတော်ဆောက်တဦးဟာအင်္ဂလန်နိုင်ငံရဲ့ဟော်တယ်ကြီးမှာတည်းပါသတဲ့၊ဘာလို့လဲဆိုတော့အဲဒီဟောတယ်ကအမှုတော်ဆောင်တွေကိုတဝက်ဈေးလျော့ပေးလို့ပါ။ဒါနဲ့တည်းပြီးငွေရှင်းတဲ့အခါတဝက်မလျော့ပေးဘဲအပြည့်တောင်းသတဲ့၊အမှုတောင်ဆောင်ကလဲဒီဟော်တယ်မှာအမှုတော်ဆောင်အတွက်တဝက်ဈေးလျော့ပေးတာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်၊ဒီတော့မန်နေဂျာကလာပြီးsorryပါလူကြီးမင်း၊လူကြီးမင်းကဒီမှာနေတဲ့အတောအတွင်းအရက်လဲမူးတယ်၊ဆေးလိပ်သောက်တယ်၊ဆဲဆိုမှုလဲရှိသေးတယ်၊အထူးသဖြင့်ထမင်းစားတာဆုလဲမတောင်းဘူး၊ဒါကြောင့်လူကြီးမင်းကိုအမှုတော်ဆောင်လို့ကျနော်တို့မယုံကြည်နိုင်ပါဘူး…တဲ့။ဒီချိန်မှအဲဒီအမှုတော်ဆောင်ဟာခေါင်းစိုက်ပြီးဘာပြောရမှန်းမသိနဲ့ငွေရှင်းပြီးထွက်သွားပါတော့တယ်။ချစ်သောညီကိုမောင်နှမတို့၊ကျင့်ကြံပြုမှုခြင်းရဲ့ပုံသက်သေရှိမရှိဆိုတာပုံပြင်လေးအားဖြင့်နားလည်နိုင်ပါတယ်၊ယနေ့ကျွန်တော်တို့ရဲ့အပြုအမူဟာသူတပါးအတွက်တည်ဆောက်စရာဖြစ်နေလားထိမိလဲစရာဖြသ်နေလားဆင်ခြင်သင့်ပါတယ်၊သင့်ကြောင့်ဘုရားဘုန်းထင်ရှားနေပြီလား၊သို့မဟုတ်ဘုရားဘုန်းရှုံ့ချခံနေရပြီလားဆိုတာဆင်ခြင်ဖို့အရေးကြီးပါတယ်။ဒါဟာဒုတိယအချက်ပါ။
၃။သူတပါးကိုချစ်ရာမှာပုံသက်သေဖြစ်စေပါ။
အချစ်ဆိုတာလူတိုင်းမှာရှိပါတယ်၊ဒါပေမဲ့ကိုယ်နဲ့စပ်ဆိုင်သောသူကိုချစ်ရမဲ့အချစ်မျိုးတော့လူတိုင်းမှာမရှိနိုင်ပါဘူး၊ဘုရားသခင်ကိုရသောသူမှသာလျှင်ချစ်နိုင်မှာပါ၊ဒါကြောင့်ယနေ့ယုံကြည်သူတိုင်းဟာသူတပါးကိုချစ်ဖို့နဲ့ဒီချစ်ခြင်းမှာပုံသက်သေဖြစ်စေဖို့လိုအပ်ပါတယ်။ဘုရားသခင်ဆီကလာတဲ့ချစ်ခြင်းမေတ္တာကိုကျမ်းစာကအမျိုးမျိုးအနက်ဖွင့်ဆိုထားပါတယ်၊ရောမ၅:၈မှာချစ်ခြင်းဟာပေးဆပ်ခြင်းဖြစ်တယ်ဆိုထားပြီး၊၁ကော၁၃မှာချစ်ခြင်းဟာဖောက်ပြန်ခြင်းမရှိဘူးဆိုပါတယ်၊ချစ်ခြင်းဟာဂလာတိ၅:၂၂ထဲကဝိညာဉ်ပကတိအကျိုး၉မျိုးထဲကတမျိုးအပါအဝင်ဖြစ်ပါတယ်၊ကောလောသဲဩဝါဒစာ၃:၁၄မှာတော့ချစ်ခြင်းဟာစုံလင်ခြင်းသို့ရောက်စေတဲ့အရာလို့ဖော်ပြပါတယ်။ဘယ်လိုပင်ဖွင့်ဆိုပါစေ၊ယုံကြည်သူတယောက်အနေနဲ့ချစ်ခြင်းမေတ္တာမရှိလို့မရပါဘူး၊ဘာလို့လဲဆိုတော့၁ယော၄:၈မှာဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်လို့ချစ်ခြင်းမရှိတဲ့သူတွေဟာဘုရားကိုမသိတဲ့သူများသာဖြစ်တယ်လို့ဆိုပါတယ်၊ယနေ့ဘုရားကိုသိတဲ့သူများရတဲ့သူမျာ့းဖစ်တဲ့ယုံကြည်သူတွေဟာအသက်တာမှာဒီချစ်ခြင်းမေတ္တယနေ့ဘုရားကိုသိတဲ့သူများရတဲ့သူမျာ့းဖစ်တဲ့ယုံကြည်သူတွေဟာအသက်တာမှာဒီချစ်ခြင်းမေတ္တာကိုလက်တွေ့ဖော်ဆောင်ရပါမယ်၊ပါးစပ်ကဘဲချစ်တယ်ချစ်တယ်ပြောနေခြင်းသာမဟုတ်ဘဲလက်တွေ့ချစ်ရမယ်လို့၁ယော၃:၈မှာသတိပေးထားပါတယ်။ယနေ့များစွာသောယုံကြည်သူတွေဟာချစ်ခြင်းမေတ္တာကိုပြောတတ်ကြပေမဲ့လက်တွေ့လုပ်ဆောင်တဲ့သူအင်မတန်ရှားပါးလှပါတယ်၊ကျမ်းစာထဲမှာတော့သူတပါးလိုအပ်နေတာကိုမကူညီဘဲဆုတောင်းပေးနေခြင်းကသိပ်လက်တွေ့မကျဘူးလို့ဆိုပါတယ်၊ဆုတောင်းပေးတာကောင်းပါပေတယ်၊ဒါပေမဲ့လက်တွေ့မှာသခင့်ရဲ့ချစ်မေတ္တာကိုဖော်ပြနိုင်ဖို့ယုံကြည်သူတိုင်းမှာတာဝန်ရှိနေပါတယ်။ဒါယုံကြည်သူအသက်တာမှာရှိရမဲ့ပုံသက်သေအချက်၃ဘဲဖြစ်ပါတယ်။
၄။ဝိညာဉ်သဘောမှာပုံသက်သေဖြစ်စေပါ။
၁တိ၄:၁၂ထဲကဝိညာဉ်သဘောဆိုတာကိုတချို့ဘာသာပြန်တွေမှာမရေးမှတ်ထားပါဘူး၊ဒါပေမဲ့မူရင်းနဲ့အင်္ဂလိပ်မြန်မာဘာသာပြန်တွေမှာရှိနေတော့ဒါကိုလဲလိုက်လျှောက်ရမှာဖြစ်ပါတယ်။ဝိညာဉ်သဘောဆိုတာပါလဲ?ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ပတ်သတ်မှုအဆင့်ဖြစ်ပါတယ်၊ဝိညာဉ်ရေးရာလို့ပြောရင်မှားမယ်ထမင်ပါဘူး။အထူးသဖြင့်ဝိညာဉ်သဘောဆိုတာတိမောသေဩဝါဒစာ ပဋ္ဌမစောင် ၄:၇-၈မှာဖော်ပြထားတဲ့ဘုရားဝတ်၌ မွေ့လျော်ခြင်းဘဲဖြစ်ပါတယ်။ယနေ့ယုံကြည်သူအသက်တာမှာဝိညာဉ်သဘောပုံသက်သေရှိဖို့လဲအရေးကြီးပါတယ်၊ကိုယ်နဲ့ဘုရားကြားပတ်သတ်မှုကဘယ်လောက်ရှိလဲဆိုတာသူတပါးအမြင်မှာတည်ဆောက်စရာဖြစ်စေပါ၊ဝတ်ပြုစည်းဝေးသွားခြင်းအားဖြင့်၊ဆုတောင်းကျမ်းစာဖတ်ခြင်းအားဖြင့်၊လက်တွေ့အသက်တာမှာဘုရားကောင်းမြတ်ခြင်းကိုပြန်လည်ဝေငှခြင်းအားဖြင့်ဝိညာဉ်သဘောမှာပုံသက်သေဖြစ်စေပါ။ဒါဟာအများရှေ့မှာဟန်ဆောင်လုပ်ပြခြင်းမဟုတ်ရပါ၊အများရှေ့ကောကိုယ်တယောက်ထဲနေပါစေထို့အတိုင်းအသက်ရှင်ရမှာပါ။ဒါအချက်၄ဖြစ်ပါတယ်။
၅။သစ္စာစောင့်ခြင်းမှာပုံသက်သေရှိစေပါ။
ဒီကျမ်းချက်ကသစ္စာစောင့်ခြင်းဆိုတာမူရင်းစကားလုံးအဓိပ္ပာယ်ကယုံကြည်ရာကိုးကွယ်ရာအပေါ်သစ္စာစောင့်ခြင်းဘဲဖြစ်ပါတယ်။သစ္စာစောင့်ခြင်းအမှုအရာကရော့ဆိုပြီးထုတ်ပြလို့မရပေမဲ့အလုပ်အားဖြင့်သက်သေပြလို့ရပါတယ်။ဥပမာယုံကြည်ခြင်းကိုစုံစမ်းခြင်းအမျိုးမျိုးကြုံလာတဲ့အခါ၊ကျွန်တော်တို့ဘုရားအပေါ်ဘယ်လောက်ယုံကြည်နေနိုင်သေးသလဲဆိုတာသိမှာပါ၊ယုံကြည်မှုကြောင့်အခက်ခဲပြဿနာကြုံလာတဲ့အခါ၊ဒီယုံကြည်မှုကြောင့်မိမိအသက်အန္တာရာယ်ပါဖြစ်လာတဲ့အခါမျိုးကျရင်ယနေ့ကျွန်တော်တို့ဘုရားသခင်အပေါ်ဘယ်လောက်သစ္စာရှိနေနိုင်ပါလဲ၊ဘုရားသခင်မစခွန်အားပေးပါစေ၊မိမိယုံကြည်ရာအပေါ်သစ္စာစောင့်သိဖို့ရန်၊ဒီသစ္စာတရားဟာသူတပါးအတွက်တည်ဆောက်စရာပုံသက်သေဖြစ်ဖို့ရန်ဘုရားသခင်ကူညီဖေးမပါစေ။ဒါအချက်၅ဖြစ်ပါတယ်။
၆။စင်ကြယ်ခြင်းအရာမှာပုံသက်သေဖြစ်စေပါ။
ဒီနေရာမှာပြောတဲ့စင်ကြယ်ခြင်းဆိုတာအပြင်ပန်းသဏာန်ကိုအဓိကမဟုတ်ပါ၊အတွင်းစိတ်ရဲ့သန့်ရှင်းမှုနဲ့အသက်တာစင်ကြယ်မှုဘဲဖြစ်ပါတယ်။ဘာဘဲလုပ်လုပ်ကိုယ့်ရဲ့ဦးတည်ချက်ဟာသန့်ပါစေ၊ရည်မှန်းချက်ဖြူစင်ပါစေ၊ပြောစရာမဖစြ်အောင်ကြိုးစားအသက်ရှင်ပါ။အထူးသဖြင့်ကာမဂုဏ်မှာမိန်းကလေးကောယောင်္ကျာလေးကောစင်ကြယ်စွာအသက်ရှင်နေထိုင်ပါ၊နောက်ပြီးငွေကြေးကိစ္စအဝဝမှာလဲဩသပစိတ်ကြည်လင်ပါစေ၊သသမ္မာကျမ်းစာမှာများစွာသောဘိုးဘေးတွေပုံသက်သေပြခဲ့ပါပြီ၊ယနေ့ကျွနတော်တို့လဲနောင်လာနောင်သားတွေအတွက်တည်ဆောက်စရာဖြစ်စေပါ၊များစွာသောအားဖြင့်ယနေ့ခေတ်ကာလကလူတွေဟာစင်ကြယ်ခြင်းကိုမသိကြတာမဟုတ်ပါဘူး၊တမင်တကာကိုမစင်မကြယ်လုပ်ချင်နေကြတာဝမ်းနည်းစွာတွေ့နေရပါပြီ၊အလင်းကိုမနှစ်သက်ကြတော့ဘဲအမှောင်မှာကျင်လည်နေချင်ကြတာပါ။ဒီလိုအပြစ်နဲ့ပြည့်နက်နေတဲ့ခေတ်ကာလကြီးထဲအာမှာယုံကြည်သူတွေဖြစ်တဲ့သင်နှင့်ကျွန်ုပ်အသက်တာအထူးစင်ကြယ်ဖို့လိုပါတယ်၊ကိုယ့်အသက်တာအားဖြင့်သူတပါးအတွက်တည်ဆောက်စရာပုံသက်သေဖြစ်စေပါ။ဒါဟာယုံကြည်သူများရှိသင့်တဲ့ပုံသက်သေနောက်ဆုံးတချက်ဖြစ်ပ့တယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ရဲ့နုတ်ကပတ်တော်အားဖြင့်၊ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးအနေနဲ့၊ကျွန်တော်တို့ရဲ့အပြုအမှုအသက်တာအားဖြင့်သူတပါးတည်ဆောက်စရာဖြစ်စေပါ၊အထူးသဖြင့်ကျွန်တော်တို့ရဲ့သက်အရွယ်နုပျိုခြင်းအိုမင်းခြင်းကိုအဘယ်သူမျှ မထီမဲ့မြင် မပြုစေဘဲ၊စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊စင်ကြယ်ခြင်းအရာမှာကိုယ်နှင့်စပ်ဆိုင်သောလူတိုင်းအတွက်ပုံသက်သေဖြစ်စေပါလို့ယနေ့မနက်ဤမျှလောက်နဲ့ဘဲနိဂုံးချုပ်လိုက်ရပါတယ်။နားဆင်သူအယောက်ဆီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။