• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝိညာဉ်တော်ဘုရားရဲ့အလုပ်(၁၀)မျိုး

ဆရာရဲမင်း

11 月 19, 2024

ဝိညာဉ်တော်ဘုရားရဲ့အလုပ်(၁၀)မျိုး

နိဒါန်း
သန့်ရှင်းသောဝိညာဉ်တော်ဆိုတာဘုရားသခင်ဖြစ်ပါတယ်။သုံးပါးတဆူ(တလုံးတဝ)ဖြစ်တဲ့-ခမည်းတော်ဘုရား၊သားတော်ဘုရား၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားထဲကတပါးပါ။ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့နားလည်အောင်ကျမ်းစာကဖော်ပြတဲ့သူ့ရဲ့လုပ်ဆောင်ချက်(၁၀)ချက်နဲ့ဖော်ပြအလင်းပေးပါမယ်။

၁။ခရစ်တော်ရဲ့သက်သေကိုခံခြင်း
ယော၁၅:၂၆ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။

၂။လူတွေရဲ့အပြစ်ကိုဖော်ပြခြင်း
ယော၁၆:၈ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။

၃။လူကိုဒုတိယမွေးဖွားစေခြင်း
ယော၃:၆-၇ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။

၄။လူကိုအသစ်ပြုပြင်ပေးခြင်း
တိတု၃:၅ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။
၁ကော၆:၁၁ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။

၅။ယုံကြည်သူတွေနဲ့အတူရှိပေးခြင်း
ယော၁၄:၁၆ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။

၆။ယုံကြည်သူကိုယေရှုစကားမှတ်မိစေခြင်း
ယော၁၄:၂၆ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။

၇။သမ္မာတရားကိုနားလည်စေခြင်း
ယော၁၆:၁၃သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။

၈။ဝိညာဉ်ဆုကျေးဇူးများဝေပေးခြင်း
၁ကော၁၂:၁၁ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။

၉။ယုံကြည်သူတိုင်းကိုတံဆိပ်ခတ်ခြင်း
ဧဖက်၄:၃၀ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။

၁၀။ယုံကြည်သူတိုင်းကိုဆုတောင်းပေးခြင်း
ရော၈:၂၆ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။

နိဂုံး
ဝိညာဉ်တော်အလုပ်(၁၀)မျိုးကတော့
၁။ခရစ်တော်ရဲ့သက်သေကိုခံခြင်း
၂။လူတွေရဲ့အပြစ်ကိုဖော်ပြခြင်း
၃။လူကိုဒုတိယမွေးဖွားစေခြင်း
၄။လူကိုအသစ်ပြုပြင်ပေးခြင်း
၅။ယုံကြည်သူတွေနဲ့အတူရှိပေးခြင်း
၆။ယုံကြည်သူကိုယေရှုစကားမှတ်မိစေခြင်း
၇။သမ္မာတရားကိုနားလည်စေခြင်း
၈။ဝိညာဉ်ဆုကျေးဇူးများဝေပေးခြင်း
၉။ယုံကြည်သူတိုင်းကိုတံဆိပ်ခတ်ခြင်း
၁၀။ယုံကြည်သူတိုင်းကိုဆုတောင်းပေးခြင်း
ဖြစ်ပါတယ်။