• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အသွေးတော်ရဲ့တန်ခိုး(၈)မျိုး

ဆရာရဲမင်း

11 月 19, 2024

အသွေးတော်ရဲ့တန်ခိုး(၈)မျိုး

နိဒါန်း
အသွေးတော်ဆိုတာတခြားလူတွေရဲ့အသွေးကိုပြောတာမဟုတ်ရပါဘူး၊လူသားအားလုံးအတွက်ယေရှုခရစ်တော်ကားတိုင်ပေါ်မှာအသေခံအသွေးသွန်းသွားတဲ့အသွေးတော်ကိုဆိုလိုပါတယ်။ဒီအသွေးတော်ဟာဘုရားသခင်ကိုယ်တိုင်ရဲ့အသွေးတော်ဖြစ်တဲ့အတွက်တန်ခိုးရှိ‌ နေပါတယ်။ဒါကြောင့်သမ္မာကျမ်းစာထဲမှာအသွေးတော်ရဲ့တန်ခိုး(၈)မျိုးလောက်ဖော်ပြထားတာကိုအလင်းပေးပါမယ်။

၁။အပြစ်ဆေးကြော‌စေခြင်း
၁ယော၁:၇ ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။(ဗျာ၇:၁၄၊ဟေဗြဲ၁၃:၁၂၊ဟေဗြဲ၉:၂၂၊ဧဖက်၁:၇)

၂။ပ​ဋိ​ညာဉ်​သစ်တည်စေခြင်း
၁ကော၁၁:၂၅ ထို​နည်း​တူ၊ ည​စာ​စာ​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား ငါ၏​အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။ ဤ​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ ငါ့​ကို​အောက်​မေ့​ဖို့​ရာ သောက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။(‌ဟေဗြဲ၁၃:၂၀၊ဟေဗြဲ၉:၂၀

၃။သေခြင်းမှထာဝရလွတ်စေခြင်း
ဟေဗြဲ၉:၁၂ ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရေး​ဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။
(ဓမ္မဟောင်းထွက်၁၂:၁-၁၄မှာအရိပ်)

၄။ထာဝရကယ်တင်ခြင်းရစေခြင်း
ရောမ၅:၉ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။

၅။ဩသ္သပ္ပစိတ်ကြည်လင်စေခြင်း
ဟေဗြဲ၉:၁၄ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။

၆။ဘိုးဘေးကျိန်ခြင်းမှလွတ်ခြင်း
၁ပေ၁:၁၈-၁၉အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။(စံမီ)

၇။ဘုရားသခင်နှင့်နီးစေခြင်း
ဧဖက်၂:၁၃-၁၄ သင်​တို့​သည် အ​ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။(ဆက်လေ့လာရန်၁ယော၁:၉၊ဗျာ၅:၉)။

၈။စာတန်ကိုအောင်မြင်စေခြင်း
ဗျာ၁၂:၁၀-၁၁ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။

နိဂုံး
ယေရှုခရစ်တော်အသွေးတော်ရဲ့တန်ခိုး(၈)မျိုးကတော့
၁။အပြစ်ဆေးကြောခြင်း
၂။ပဋိညာဉ်သစ်တည်စေခြင်း
၃။သေခြင်းမှထာဝရလွတ်စေခြင်း
၄။ထာဝရကယ်တင်ခြင်းရစေခြင်း
၅။ဩသ္သပ္ပစိတ်ကြည်လင်စေခြင်း
၆။ဘိုးဘေးကျိန်ခြင်းမှလွတ်ခြင်း
၇။ဘုရားသခင်နှင့်နီးစေခြင်း
၈။စာတန်ကိုအောင်မြင်စေခြင်း
ဖြစ်ပါတယ်။