ကျမ်းစာထဲမှအစာရှောင်နည်း(၅)မျိုး
၁။ဘာမှမစားမသောက်ခြင်း
👉မောရှေမှရက်၄၀လုံးဘာမှမစားမသောက်ဘဲပညတ်တော်ခံယူခြင်း(တရားဟောရာ၉:၉၊၉:၁၈)။
👉ရှင်ပေါလုမှဘာမှစတင် ပြောင်းလဲတဲ့အခါဘာမှမစားမသောက်၃ရက်နေခြင်း(တမန်၉:၃-၉)။
👉သတိထားရမှာကဒီလိုဘာဆိုဘာမှမစားမသောက်ဘဲအစာရှောင်ခြင်းဟာ(ဘုရားသခင်ရဲ့အထူးဖွင့်ပြမှုမရှိရင်)ကျမ်းမာရေးအရ(၃)ရက်ထက်မကျော်လွန်သင့်ပါ။
၂။ဘာမှမစားဘဲရေသာသောက်ခြင်း
👉သခင်ယေရှုရက်၄၀လုံးဘာမှမစားဘဲနေတယ်လို့ကျမ်းစာကဖော်ပြပြီး၊ဘာမှမသောက်ဘဲနေတယ်လို့တော့မဖော်ပြထားတာကြောင့်ကျမ်းပညာရှင်တချို့ကသခင်ယေရှုဟာရေတော့သောက်ခဲ့မယ်လို့ခံယူကြတာပါ(မဿဲ၄:၂၊လုကာ၄:၂)။
👉ဒါကြောင့်ယနေ့ခရစ်ယာန်တချို့အစာရှောင်တဲ့အခါမှာလဲဘာမှမစားဘဲရေဘဲသောက်ပြီးဆုတောင်းတာမျိုးရှိနေကြတာပါ။
၃။သက်သတ်လွတ်သာစားခြင်း
👉ဒံယေလနဲ့သူငယ်ချင်းသုံးယောက်၊တိုင်းတပါးနန်းတော်မှာမင်းမှုထမ်းဖို့လေ့ကျင့်ပေးခံနေရတဲ့ကာလမှာ၊ရုပ်တုရှေ့ပူဇော်တဲ့အစားအစာကိုရှောင်တဲ့အနေနဲ့၊သက်သတ်လွတ်သာစားသုံးခဲ့ကြပါတယ်(ဒံယေလ၁:၈-၁၆)။
👉ဒါကိုကိုးကားပြီးယနေ့ခရစ်ယာန်တွေမှာလဲအစာရှောင်တဲ့အနေနဲ့သက်သတ်လွတ်စာစားသုံးပြီးဆုတောင်းကြတာရှိပါတယ်။
၄။တပတ်နှစ်ကြိမ်ပုံမှန်အစာရှောင်ခြင်း
👉ဂျူးလူမျိုးထဲကဖာရိရှဲတွေဟာ၊တစ်ပတ်မှာပုံမှန်နှစ်ကြိမ်အစာရှောင်လေ့ရှိကြတာ(လုကာ၁၈:၁၂မှာ)တွေ့ရပါတယ်။ဒါကိုသခင်ယေရှုကမှားတယ်လို့မပြောခဲ့ပါ။
👉ဒါကြောင့်ယနေ့ယုံကြည်သူခရစ်ယာန်တွေထဲမှာလဲပုံမှန်တပတ်တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်စသဖြင့်အစာရှောင်တဲ့သူရှိကြတာပါ။
၅။တစ်နှစ်တစ်ကြိမ်စုပေါင်းအစာရှောင်ခြင်း
👉ဓမ္မဟောင်းဂျူးတွေရဲ့သတ်မှတ်ထားတဲ့ပွဲတော်နေ့မှာဂျူးတွေအားလုံးအစာရှောင်ကြရပါတယ်။
👉နောက်ပြီးဧသတာဝတ္တုထဲကပုရနေ့ဟာလည်းဂျူးတွေအားလုံးရဲ့ကျေးဇူးတော်အောက်မေ့ပြီးအစာရှောင်တဲ့နေ့ပါဘဲ(ဧသတာဝတ္ထု၉:၃၀-၃၁)။
👉ဒါကြောင့်ယနေ့ခရစ်ယာန်အသင်းတော်တွေကလဲအသင်းတော်မှာအစာရှောင်ခြင်းအစီအစဉ်ဆိုပြီးအားလုံးပါဝင်လုပ်ဆောင်ကြတာရှိတာပါ။
နိဂုံး
အစာဘယ်လိုရှောင်ရမလဲဆိုရင်
အထက်ပါဖော်ပြတဲ့(၅)မျိုးထဲကအတိုင်း၊မိမိအခြေအနေနဲ့အဆင်ပြေသလိုစီမံလို့ရပါကြောင်းဖော်ပြအပ်ပါတယ်။ဖတ်ရှုသူတိုင်းကိုဘုရားကောင်းကြီးပေးပါစေ၊အာမင်။