• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျေးဇူးတော်ကိုတုန့်ပြန်ဖို့နည်းလမ်း(၁၂)မျိုး

ဆရာရဲမင်း

11 月 19, 2024

ကျေးဇူးတော်ကိုတုန့်ပြန်ဖို့နည်းလမ်း(၁၂)မျိုး

၁။အနာပျောက်ခြင်းကျေးဇူးတော်ကြောင့်ဘုရားသခင်ကိုဆက်ကပ်ကျေးဇူးတင်သောပေတရုယောက္ခမ။
(ရှင်မဿဲခရစ်ဝင်8:14‭-‬15ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။)

၂။မျက်ကန်းနှစ်ဦးမျက်မြင်လာသောကြောင့်နောက်တော်သို့လိုက်ပြီးကျေးဇူးတင်ခြင်း။
(ရှင်မဿဲခရစ်ဝင်20:30-34 လူကန်းနှစ်ယောက်တို့သည် ကြားရလျှင် ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
…ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏချင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။)

၃။လေခေါင်နတ်ဆိုးစွဲခံရသူကောင်းလာလို့ယေရှုအကြောင်းဟောပြောပြီးကျေးဇူးတင်ခြင်း။
(ရှင်မာကုခရစ်ဝင်5:1‭-‬2‭0အိုင်တစ်ဖက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏချင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။…20ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။)

၄။ကျန်းမာလွတ်မြောက်ခွင့်ရလို့ငွေကြေး၊ခွန်အားနဲ့ပါဝင်ပေးဆပ်ပြီးကျေးဇူးတင်ကြသောအမျိုးသမီးများ။
(ရှင်လုကာခရစ်ဝင်8:2‭-‬3 နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။…ဟေရုဒ်မင်း၏စားတော်ကဲခုဇ၏မယားယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။)

၅။ခါးကုန်းအမျိုးသမီးသက်သာခွင့်ရလို့ဘုရားဘုန်းတော်ကိုချီးမွမ်း။
(ရှင်လုကာခရစ်ဝင်13:11‭-‬13 တစ်ဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကိုခံရသော မိန်းမတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။- ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊- သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။)

၆။နူနာစွဲခြင်းမှသက်သာလာသူ၁၀‌ယောက်မှပြန်လာပြီးကျေးဇူးတော်ချီးမွမ်းသူတစ်ဦး။
(ရှင်လုကာခရစ်ဝင်17:17 ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။)

၇။ကယ်တင်ခြင်းခံရလို့လက်တွေ့လုပ်ဆောင်မှုဖြင့်ကျေးဇူးတော်က်ုတုန့်ပြန်သောဇက္ခဲ။
(ရှင်လုကာခရစ်ဝင်19:1-10ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။)

၈။အမိဝမ်းကပင်မျက်စိကန်းသူပြန်မြင်ရလို့ယေရှုအတွက်သက်သေခံပြီးကျေးဇူးတော်ကိုတုန့်ပြန်ခြင်း။
(ရှင်ယောဟန်ခရစ်ဝင်9:1-34လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။- ထိုသူသည် ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်ဟု ပြောဆို၏။)

၉။နူနာရှိမုန်သက်သာခွင့်ရသောကြောင့်ကျေးဇူးတော်ချီးမွမ်းပွဲသဘင်လုပ်ပြီးကျေးဇူးတုန့်ပြန်။
(ယော၁၂:၁-၃၊မဿဲ၂၆:၆၊မာကု၁၄:၃)။

၁၀။မောင်လေးသေပြီးရှင်လာတဲ့ကျေးဇူးတော်ခံစားရလို့အမှုတော်မြတ်(စားဖိုအရေး)မှာကူညီလုပ်ဆောင်ပြီးကျေးဇူးတုန့်ပြန်တဲ့မာသ။
(ရှင်ယောဟန်ခရစ်ဝင် 12:2ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။)

၁၁။မာရိရဲ့အဖိုးထိုက်သောအရာပေးလှူခြင်းဖြင့်ကျေးဇူးတုန့်ပြန်ခြင်း။
(ရှင်ယောဟန်ခရစ်ဝင်12:3ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား၏။)

၁၂။ယေရှုကိုဆန့်ကျင်သူဖြစ်ခဲ့ပေမယ့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရခဲ့လို့တသက်လုံးအမှုတော်ဆောင်ရွက်ပြီးကျေးဇူးတုန့်ပြန်ခဲ့တဲ့ရှင်ပေါလု။
(တမန်၉:၂-၆၊တမန်၂၀:၂၂-၂၄၊၁တိ၁:၁၅-၁၆)

မိတ်ဆွေ
ယနေ့သင့်အပေါ်မှာကောဘုရားသခင်ရဲ့ကျေးဇူးဘယ်လောက်ရှိခဲ့ပြီးသင်ဘယ်လိုတုန့်ပြန်နေပြီလဲ?