ယုံကြည်သူအပြစ်ပြုမိရင်ဆုံးရှုံးမဲ့အရာ
ကယ်တင်ခြင်းရပြီးတဲ့ယုံကြည်သူတစ်ဦးဟာအားနည်းပြီး(ဂလာ၆:၁)အပြစ်ပြုမိတဲ့အခါ၊ကယ်တင်ခြင်းတော့မဆုံးရှုံးပေမဲ့၊ဘာတွေဆုံးရှူံးမလဲဆိုတော့…
၁။ဘုရားသခင်နဲ့မိသဟာယထိခိုက်မယ်။
ဟောရှာ၅၉:၂ သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။
၂။ပျော်ရွှင်ငြိမ်သက်ခြင်းဆုံးရှုံးမယ်
ဆာလံ၅၁:၁၂ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။
၃။အမှုတော်မှာပါဝင်ဖို့အားနည်းလာမယ်။
ရောမ၂:၂၁-၂၂ သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။- သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။
၄။ပုံသက်သေမရှိဘဲဘုရားဘုန်းရှုံ့ချမိမယ်။
မဿဲ၅:၁၆ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
၅။ထာဝရမှာဆုလာဒ်ဆုံးရှုံးမယ်။
၁ကော၃:၁၃-၁၅အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။- ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၆။ခေတ္တလက်ရှိဘဝမှာဘုရားဆုံးမခြင်းခံရမယ်။
ဟေဗြဲ၁၂:၅-၆ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။- ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏…။
၇။အချိန်မရောက်ဘဲခေါ်တော်မူခြင်းခံရနိုင်တယ်။
ဘုရားပေးတဲ့အသက်တာမှာဘုန်းတော်မထင်ရှားဘဲဆက်(အမြဲ)ဖြစ်နေရင်လည်းဘုန်းတော်ဝင်စားသွားနိုင်ပါတယ်။အချိန်မရောက်သေးဘဲသေသွားနိုင်ခြင်းပါ။ဘုရားက“ငါ့သားငါ့သမီး၊မင်းတို့ကိုလောကဆီစေလွတ်လိုက်တာအလုပ်သေချာမလုပ်ဘူးဆိုတော့ပြန်လာပါတော့”ဆိုပြီးရုပ်သိမ်းသွားနိုင်တဲ့သဘောပါ။(ဒါကစာရေးသူအမြင်)