တိုက်ခိုက်ခံနေရရင်ဒီ(၇)ချက်ဖတ်ပါ
၁။တရုတ်စကားပုံရှိတယ်”树大招风”အဓိပ္ပာယ်ကအပင်မြင့်လေ၊လေတိုက်ခံရလေတဲ့။သင်အောင်မြင်လာရင်ဝေဖန်၊လေကန်၊တိုက်ခိုက်တဲ့ဒဏ်မုချခံရမှာမို့ကြုံလာရင်စိတ်မညစ်ဘဲပြုံးပြုံးလေးသာရင်ဆိုင်ပါ။
၂။အခြားသူတွေက
ကဲ့ရဲ့စရာမရှိဘဲသင့်ကိုလာကဲ့ရဲ့နေရင်၊သင့်မှာအထင်ကြီးစရာရှိနေလို့ဆိုပြီးခွန်အားယူပါ။
၃။အခြားသူတွေက
ဘာရန်ငြိုးမှမရှိဘဲသင့်ကိုလာချိုးနှိမ်နေရင်၊ဒီလူတွေကသင့်ကိုရှိန်နေကြလို့ဆိုတာသိပါ။
၄။အခြားသူတွေက
မဟုတ်မမှန်ဘဲလျက်သင့်ကိုစွပ်စွဲပြောဆိုမနာလိုဖြစ်နေကြရင်၊ဒါဟာသင်အောင်မြင်လာနေလို့ဆိုတာသက်သေပါဘဲ။
၅။အခြားသူတွေက
သင့်မကောင်းကြောင်းအမြဲပြောနေရင်၊သင်ကသူတို့ထက်ညံ့နေလို့မဟုတ်ဘဲသူတို့ထက်သာနေလို့၊သူတို့ပါးစပ်ထဲသင့်နာမည်အမြဲရွက်နေရတယ်ဆိုတာသိပါ။
၆။ဘုရားသခင်နဲ့မှန်အောင်သာအသက်ရှင်ပါ။ဒါပေမဲ့သင်ဘုရားစကားအတိုင်းနာခံနေကြောင်းသက်သေလိုက်ပြစရာမလိုပါဘူး။
၇။သင်မှန်ကန်ကြောင်း၊သူများဝေဖန်သလိုမဟုတ်ကြောင်းရှင်းပြငြင်းခုန်ချင်တဲ့စိတ်ကိုထိန်းပါ။ဘုရားစီရင်လိမ့်မယ်၊အချိန်ကသက်သေပြသွားပါလိမ့်မယ်။
အကယ်၍သင်မှားနေရင်တော့ပြုပြင်လိုက်ပါ၊မမှားဘဲခံနေရရင်အပေါ်ကအချက်တွေကိုနှလုံးသွင်းပါ။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
(၁ကော၄:၃သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။)