အလုံးစုံကိုသိသောဘုရား
ဒီလိုစကားတခွန်းဖတ်မိတယ်-
“လိုင်းပေါ်ဆုအရမ်းမတောင်းနဲ့ဘုရားကလိုင်းမသုံးဘူး”
ဒါကိုယုံကြည်သူတွေအများကြီးထောက်ခံသဘောကျနေကြတာ တွေ့တော့စိုးရိမ်မိတယ်။ဒီစကားကမှန်သလိုနဲ့မှားနေတာသတိပြုပါ။ဒီစကားပြောနေတဲ့သူကိုယ်၌ကဘုရားကိုကန့်သတ်လိုက်တာပါဘဲ။ဘုရားသခင်လိုင်းမသုံးလို့လိုင်းပေါ်ဆုတောင်းတာတွေတရားဟောတာတွေ၊Zoomနဲ့ဝတ်ပြုတာတွေကမှားတယ်ထင်နေရင်အဲလိုပြောသူကိုယ်၌ကမှားနေပါပြီ။
ဘုရားသခင်ကိုဆုတောင်းတဲ့အခါလိုင်းပေါ်မကဘူး၊ဘယ်နေရာကနေဆုတောင်းတောင်းဘုရားအကုန်ကြားသိကြောင်းနားလည်ထားသင့်ပါတယ်။ဘုရားသခင်အလုံးစုံသိမြင်ကြောင်းသင်မယုံဘူးဆိုရင်၊သင်ဟာခရစ်ယာန်လို့တောင်ပြောလို့မရတော့ပါ။မယုံကြည်သူလို့ဘဲပြောရပါတော့မည်။ဒါကြောင့် ယုံကြည်သူဖြစ်ပြီးမယုံကြည်တဲ့စကားမပြောမိပါစေနှင့်။
အကယ်၍
လိုင်းပေါ်ဆုတောင်းဟန်ပြပြီးတကယ်တမ်းတော့ကိုင်းရှိုင်းမှုမရှိဘူးလို့ဖော်ပြချင်ရင်၊တခြားစကားလုံးရှာသုံးသင့်ပါပေတယ်။ဘုရားလိုင်းမသုံးလို့ဘုရားမသိဘူးပြောတာမျိုးကဘုရားရဲ့တတ်နိုင်ခြင်းတန်ခိုးကိုကန့်သတ်လိုက်ခြင်းဖြစ်တာမို့သတိပြုပါ။
ဘုရားကလိုင်းသုံးစရာမလိုပါဘူး၊လိုင်းသုံးနေတဲ့သူဘာလုပ်နေလဲအကုန်သိတဲ့ဘုရားပါ။အာမင်။
ဆာလံ 139:2-3 အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။အကျွန်ုပ်သွားသော လမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။