• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

စစ်မှန်သောသတ္တိ

ဆရာရဲမင်း

11 月 20, 2024

စစ်မှန်သောသတ္တိ

၁။သူများကိုရိုင်းဆိုင်းဆဲဆိုရဲတဲ့သတ္တိထက်၊ကိုယ်တိုင်အဆဲခံရတဲ့အခါဒေါသမထွက်ဘဲတည်ငြိမ်စွာတုန့်ပြန်ခံယူရဲတာကမှသတ္တိအစစ်ပါ။

၂။သူများကိုဝေဖန်လေကန်ရဲတဲ့သတ္တိထက်၊ကိုယ်တိုင်ဝေဖန်လေကန်ခံရတဲ့ခါဒေါသမထွက်ဘဲတည်ငြိမ်စွာဆင်ခြင်ခံယူရဲတာကမှသတ္တိအစစ်ပါ။

၃။သူများအမှားကိုထောက်ပြရဲတဲ့သတ္တိထက်၊ကိုယ့်အမှားကိုသူများလာထောက်ပြတဲ့အခါမတုန်လှုပ်ဘဲတည်ငြိမ်စွာသုံးသပ်ခံယူရဲတာကမှသတ္တိအစစ်ပါ။

၄။ယုံကြည်သူချင်းလိုင်းပေါ်မှာဟိုလူ့စိန်ခေါ်ဒီလူ့စိန်ခေါ်ရဲတဲ့သတ္တိထက်၊မယုံကြည်သူကိုဧဝံဂေလိဝေငှရဲခြင်းကမှသတ္တိအစစ်ပါ။

၅။မယုံကြည်သူကိုဧဝံဂေလိဟောရဲတဲ့သတ္တိထက်၊ဧဝံဂေလိကြောင့်ညင်းဆဲခြင်းခံရတဲ့အခါပြုံးပြုံးလေးနဲ့ရင်ဆိုင်ရဲတာကမှသတ္တိအစစ်ပါ။

‭‭ယောဘ 12:13 ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့် ရှိတော်မူ၏။
ကိုယ်တိုင်ဖွင့်ပြခြင်းခံရတဲ့စာတွေမို့ချက်ချင်းချရေးလိုက်တာပါ။