အယူလွဲကိုထောက်ပြသူများသတိ(၇)ချက်
၁။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့၊အခြားသူရဲ့ပါဆင်နယ်ကိုတိုက်ခိုက်တဲ့အထိရောက်သွားပြီဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၂။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့၊ကိုယ်တိုင်အယူလွဲကိုထောက်ပြရင်းဒေါသထွက်ဆဲဆိုရိုင်းဆိုင်းတာတွေပါလာပြီဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၃။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့၊မအိပ်နိုင်မစားနိုင်တဲ့အထိငြင်းခုန်အမုန်းပွားလာပြီဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၄။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့၊ကိုယ်တိုင်ကျမ်းစာကိုသေချာမလေ့လာဘဲအလွဲကိုတလွဲထောက်ပြနေပြီဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၅။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့၊ဧဝံဂေလိနဲ့ဒေသနာဟော-ခွန်အားပေးတာတွေကိုမလုပ်နိုင်တော့တဲ့အထိလူတကာရဲ့အမှားကိုသာမီးထွန်းလိုက်ရှာနေပြီဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၆။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့မိမိလုပ်ရပ်ဟာဘုရားဘုန်းတော်မထင်ရှားဘူး၊သူတပါးကိုမတည်ဆောက်စေဘဲ၊ထိမိ၍လဲကျစရာဖြစ်စေတယ်ဆိုရင်စာတန်လှည့်ကွက်ထဲရောက်ပြီဆိုတာသတိပြုပါ။
၇။အယူလွဲကိုထောက်ပြဖို့ကလိုအပ်တယ်ဆိုပေမဲ့ဘုရားမေတ္တာနဲ့သာမဟုတ်ရင်ထောက်ပြတာတွေအားလုံးဟာစာတန်အားတိုးဆေးပါဘဲ။
(၁ကော ၁၀:၃၁ သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။)
(၁ကော၈:၁ …ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။)