• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဗျာဒိတ်ကျမ်းထဲမှအောင်မြင်သူများ၏ရလဒ်(၇)မျိုး

ဆရာရဲမင်း

11 月 20, 2024

ဗျာဒိတ်ကျမ်းထဲမှအောင်မြင်သူများ၏ရလဒ်(၇)မျိုး

၁။အသက်ပင်အသီးကိုစားရမည်
(‭ဗျာဒိတ် 2:7 အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။)

၂။‭အသက်သရဖူကိုရမည်
(ဗျာဒိတ် 2:10 သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။)

၃။‭မန္န၊ကျောက်ဖြူနှင့်နာမသစ်ကိုရမည်
(ဗျာဒိတ် 2:17အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မန္နကိုလည်းကောင်း၊ ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသောသူမှတစ်ပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။ )

၄။‭လူမျိုးတို့ကိုအုပ်စိုးခွင့်ရမည်
(ဗျာဒိတ် 2:26, 28 အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူအား ငါသည် အခွင့်ပေးမည်။မိုးသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။)

၅။‭အဝတ်ဖြူဝတ်ပြီးခရစ်တော်နှင့်အတူသွားလာခွင့်ရမည်
(‭ဗျာဒိတ် 3:4 သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသောသူ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။)

၆။‭ဘုရားသခင်နာမတော်ဖြင့်အက္ခရာတင်ခံရမည်
(ဗျာဒိတ် 3:12 အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ်ဖန် သူသည် ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။)

၇။‭ခရစ်တော်ပလ္လင်မှာသူနဲ့အတူထိုင်ခွင့်ရမည်
(ဗျာဒိတ် 3:21 ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။)
ဟာလေလုယာ၊အာမင်။