• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှိမ့်ချခြင်း

ဆရာရဲမင်း

11 月 20, 2024

နှိမ့်ချခြင်း

၁။သူဌေးဖြစ်ပေမဲ့ဆင်းရဲတဲ့သူကိုလေးစားစွာဆက်ဆံပြောဆိုတတ်ခြင်းကနှိမ့်ချခြင်းပါဘဲ။
၂။ပညာရှိပေမဲ့ပညာမဲ့တဲ့သူတွေကိုတလေးတစားပြောဆိုပေးတတ်ခြင်းကနှိမ့်ချခြင်းပါဘဲ။
၃။ခေါင်းဆောင်ဆိုပေမဲ့လက်အောက်ငယ်သားတွေကိုအဆင့်အတန်းမခွဲဘဲပုံမှန်ဆက်ဆံပြောဆိုခြင်းကနှိမ့်ချခြင်းပါဘဲ။
၄။ဆရာကြီးဖြစ်ပေမဲ့တပည့်တွေရဲ့ဟောပြောမှုကိုရိုရိုသေသေနားထောင်ပေးတတ်တာလဲနှိမ့်ချခြင်းပါဘဲ။
၅။ငါဆိုတဲ့အတ္တစိတ်ကိုဗဟိုမပြုဘဲ၊ဘုရားရဲ့ချစ်ခြင်းမေတ္တာနဲ့လူတိုင်းကိုအ‌ လေး ပေးတတ်ခြင်းကနှိမ့်ချခြင်းပါဘဲ။
၆။ကိုယ့်ဂုဏ်ကိုကိုယ်ဖော်ပြတာမျိုးမဟုတ်ဘဲ(သူများလာချီးမွမ်းရင်တောင်)ဘုရားကျေးဇူးတော်ကြောင့်ပါလို့သာအမြဲဝန်ခံတတ်ခြင်းကနှိမ့်ချခြင်းပါဘဲ။
၇။မိမိဟာမထိုက်တန်တဲ့အပြစ်သားကနေကျေးဇူးတော်‌ ကြောင့်(ယုံကြည်လို့)ကယ်တင်ခြင်းရထားကြောင်းအမြဲဝန်ခံတတ်ခြင်းကနှိမ့်ချခြင်းပါဘဲ။
၈။ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်ဖြစ်ပေမဲ့၊လောကလူသားတွေအတွက်လူလာလုပ်ပြီးအသေခံပေးခဲ့တာဟာနှိမ့်ချခြင်းရဲ့အရင်းမြစ်ပါဘဲ(ဧဖက်၂:၆-၈)။

တကယ်တော့
နှိမ့်ချခြင်းဆိုတာကိုယ့်အောက်နှိမ့်ကျနေတဲ့သူနဲ့ကြုံမှငါနှိမ့်ချခြင်းရှိမရှိပိုသိသာလာတာပါ။
နှိမ့်ချခြင်းဆိုတာ အားငယ်အားနွဲ့ပြီးနှိမ့်ကျနေတာမျိုးမဟုတ်ပါဘူး၊အားကြီးပေမဲ့အလျော့ပေးခြင်း၊မိမိနေရာကနေအများကြီးဆင်းပေးနိုင်တတ်ခြင်း၊လေးစားပေးတတ်ခြင်း၊ပေးဆပ်တတ်ခြင်း၊အဆင့်အတန်းမခွဲခြင်း၊မိမိရာထူးနဲ့အဆင့်ကိုဘေးချထားနိုင်ခြင်း၊ကိုယ့်ဂုဏ်ကိုမဖော်ခြင်း၊အပြစ်ရှိကြောင်းဝန်ခံတတ်ခြင်း၊ခွင့်လွတ်တတ်ခြင်း…ဖြစ်ပါတယ်။ဒီလိုနှိမ့်ချတတ်သူကိုဘုရားသခင်ကြီးမားစွာပြန်လည်ချီးမြောက်ပါလိမ့်မယ်၊အာမင်။
(‭ရှင်ယာကုပ်၄:၆
ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။)