အကြိမ်ကြိမ်နာကျင်စေတဲ့သူကိုရှောင်ပါ
၁။ခွေးရူးရှေ့မှာသင်ဘယ်လောက်သဘောကောင်းပြနေရင်လဲအကိုက်ခံရမှာဘဲ။
၂။မသမာသူရှေ့မှာသက်ဘယ်လောက်ရိုးသားပြနေရင်လဲလိမ်စားခံရမှာဘဲ။
၃။လူတိုင်းကိုစိတ်ကောင်းထားရမယ်ဆိုပေမဲ့၊လူတိုင်းကတော့သင့်ကိုစိတ်ကောင်းထားချင်မှထားပါလိမ့်မယ်။
၄။သင်ကသူ့ကိုသူငယ်ချင်းလို့သတ်မှတ်ထားပေမဲ့၊သူကတော့သင့်ကိုငတုန်းငအလို့သတ်မှတ်ထားချင်သတ်မှတ်ထားလိမ့်မယ်။
၅။ဒါကြောင့်လူတိုင်းကိုစိတ်ကောင်းထားခြင်းဆိုတာဘုရားပေးတဲ့ညာဏ်ပညာနဲ့မိမိကိုယ်ကိုလဲကာကွယ်တတ်ဖို့လိုတယ်။
၆။အကြိမ်ကြိမ်နာကျင်စေတဲ့သူကိုမုန်းရမယ်လို့မဆိုလိုပေမဲ့ရှောင်ဖို့တော့လိုလိမ့်မယ်။ဥပမာ-ခွေးရူးကိုမမုန်းပေမဲ့အန္တာရယ်ကင်းအောင်ရှောင်ရပါတယ်။ဒါကခွင့်လွတ်ခြင်းမလွတ်ခြင်းနဲ့မဆိုင်ဘူး၊အန္တရာယ်ရှိခြင်း/လုံခြုံခြင်းနဲ့သာဆိုင်ပါတယ်။
၇။ဒီအတိုင်းပါဘဲ၊ဧဝံဂေလိလုပ်တဲ့နေရာမှာ၊အမှုတော်ဆောင်တဲ့နေရာမှာ၊တရားဟောခွန်အားပေးဆုတောင်းပေးတဲ့နေရာမှာ၊လူမူဆက်ဆံရေးမှာ၊လိုင်းပေါ်မှာ- ရှောင်သင့်သူကိုတော့ရှောင်ရပါမယ်။ဘုရားတတ်နိုင်တယ်ဆိုပြီးအတင်း”အအကြီး”မတိုးဝင်ပါနဲ့၊ဘုရားကသင့်ကိုခေါင်းဖန်ဆင်းပေးပြီးခေါင်းထဲမှာဦးနောက်ထည့်ထားပေးတာဒါတွေကိုဆင်ခြင်သုံးသပ်ဖို့ပါဘဲ။
ရှင်မဿဲ၇:၆ ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။
ဝိညာဉ်တော်အလင်းပေးပါစေ။