ဘာသာဂိုဏ်းဂဏထက်ခရစ်တော်ကိုရစေပါ။
သာသနာပြုတွေသတိထားစရာပါ။
ဧဝံဂေလိလုပ်မယ်ဆိုရင်၊
အသင်းတော်ထူထောင်မယ်ဆိုရင်၊
မယုံကြည်သေးသူဆီဘဲအဓိကသွားပါ။
ယုံကြည်ပြီးသားလူတွေဆီ
ဧဝံဂေလိသွားမယ်ဆိုရင်
ဂိုဏ်းဂဏအသစ်လိုက်မထူပါနဲ့၊
အသင်းတော်အသစ်တခု
လိုက်မထောင်ကြပါနဲ့။
သူတို့ပါဝင်နေတဲ့အသင်းတော်မှာသာ
သစ္စာရှိရှိဆက်ပါဝင်စေပါ။
(မိစ္ဆာအယူလွဲကလွဲလို့)
အသင်းတော်ဂိုဏ်းဂဏအသစ်
ထူချင်ရင်မယုံကြည်သူကြားထဲကနေ
စတင်ထိုးဖောက်ပါ။
ဒီလိုမဟုတ်ရင်ဘဲယုံကြည်ပြီးသား
သူတွေကြားမှာထပ်ပြီးအသင်းတော်
လိုက်ထူထောင်နေမယ်ဆိုရင်၊
အသင်းတော်ဂိုဏ်းဂနအချင်းချင်း
ပြဿနာတက်ကွဲပြားမုန်းတီးလာပါမယ်။
သာသနာပြုဧဝံဂေလိလုပ်မယ်ဆိုရင်
ငါ့အသင်းတော်မှာလူများလာဖို့ထက်
ငါ့ဂိုဏ်းဂဏမှာအသင်းများလာဖို့ထက်
ခရစ်တော်ကိုရစေဖို့သာလုပ်ပါ။
လူတစ်ယောက်ကယ်တင်ခြင်းရဖို့
အဓိကထားပြီးလုပ်ပါ။
သူကယ်တင်ခြင်းရပြီးရင်
ဘယ်အသင်းတော်ပါဝင်ပါဝင်
သမ္မာတရားအတိုင်းသွားနေတဲ့
အသင်းတော်ဆိုရင်စိတ်ချခဲ့ပါ။
အသင်းတော်မရှိဘူးဆိုမှအသစ်ထူပါ။
လူတွေကိုဘာသာဂိုဏ်းဂဏထဲ
မသွတ်သွင်းကြပါနဲ့၊
ခရစ်တော်ထဲကိုသာခေါ်သွင်းကြပါ။
ဘာသာဂိုဏ်းဂဏလိုက်မဆွယ်ပါနဲ့၊
ခရစ်တော်ဖက်ကိုသာဆွဲဝင်ပါ။
ဘာသာဝင်သာမဟုတ်ဘဲ
ခရစ်တော်ကိုရသောသူဖြစ်စေပါ။
ရှင်မဿဲ 23:15 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှာ ကုန်းကြောင်းရေကြောင်း ပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသား ဖြစ်စေကြ၏။
မူရင်း-ဆရာရဲမင်း