ဘုရားစကားနဲ့မိမိစိတ်ထင်ရာ
ဘုရားဖွင့်ပြတာမှန်ရင်ဘယ်တော့
မှမမှားပါ။မှားခဲ့တယ်လို့ခံယူရင်
ဘုရားဖွင့်ပြခဲ့တာမဟုတ်ဘဲ
မိမိရဲ့emotion(စိတ်ခံစားချက်)
ကြောင့်လုပ်ခဲ့လို့သာဖြစ်ပါတယ်။
ဒါကြောင့်အမှုတော်ဆောင်ရင်
စိတ်ခံစားချက်ကိုဦးထိပ်မထား
မိပါစေနဲ့၊မှားကုန်ပါလိမ့်မယ်။
ခဏတောင်းပန်လိုက်ခဏပြန်
ဟောလိုက်နဲ့သမင်လည်ပြန်
(မိမိကိုယ်၌ကယောင်ခြောက်
ဆယ်)ဖြစ်နေပါလိမ့်မယ်။
ဟိုလူ့ကိုမကျေနပ်လို့နဲ့၊
ဒီလူ့ကိုကြည့်မရလို့နဲ့၊
attention(သတိပြုမိခံချင်)လို့နဲ့၊
ဟောပြောရေးသားခြင်းတိုင်းက
အမြဲမှားနေမိတတ်ပါတယ်။
ဘုရားစကားကထာဝရမပြောင်း
ပေမဲ့၊ကိုယ်ကလူတွေရဲ့အမြင်ကို
တအားဂရုစိုက်လွန်နေတော့
ခဏတမျိုးတော်ကြာတမျိုး
(မမဆောင်းလို)ဖြစ်နေတတ်တယ်။
သမ္မာတရားကိုသာဦးထိပ်ထားပါ၊
သမ္မာတရားသာမှန်နေရင်မိမိစိတ်က
(အခြားဖိအားတွေကိုကြောက်လို့)
ငြင်းဆန်မိနေရင်တောင်ရဲရဲရပ်တည်ပါ။
ထာဝရမှန်ကန်နေပါလိမ့်မယ်။
ဘုရားသခင်ဘယ်တော့မှမမှားပါ။
ကျွန်တော်တို့ကသာစိတ်ထင်ရာကို
ဘုရားစကားထင်နေလို့မှားနေတာပါ။
ဘုရားစကားဘယ်တော့မှမမှားပါ၊
ကျွန်တော်တို့ကသာလူတွေရဲ့ထောက်
ခံခြင်းကိုလိုချင်လွန်းလို့မှားနေမိတာပါ။
ဘုရားစကားဘယ် တော့မှမမှားပါ။
ကျွန်တော်တို့ကသာမိမိစိတ်ခံစားချက်ကို
ဘုရားဖော်ပြတယ်ထင်နေလို့မှားကုန်တာ။
ဝိညာဉ်တော်အလင်းပေးပါစေ။
ယေရမိ၂၃:၃၁ မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။