• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝေဖန်တိုက်ခိုက်လာတာကိုလိုက်မခံစားပေးနေပါနဲ့

ဆရာရဲမင်း

11 月 20, 2024

ဝေဖန်တိုက်ခိုက်လာတာကိုလိုက်မခံစားပေးနေပါနဲ့

ညညဟောင်တဲ့ခွေးတိုင်းကိုထကြည့်ရင်
ဘယ်လိုလုပ်အိပ်ရေးဝပါ့မလဲ?
လမ်းမှာသွားလာရင်းဟောင်တဲ့ခွေးကိုအဖက်လိုက်
လုပ်နေရင်လိုရာခရီးကိုဘယ်ရောက်နိုင်တော့မလဲ?
ဒီလိုဘဲလေ
ဝေဖန်လေကန်တာလာတိုင်းလိုက်ခံစားပေးနေရင်
ဘယ်လိုလုပ်ကိုယ့်အလုပ်ကိုပြီးအောင်ဆက်လုပ်နိုင်ပါ့မလဲ?
ပါဆင်နယ်လာတိုက်ခိုက်သူတိုင်းကိုပြန်လိုက်တုန့်ပြန်နေရင်ဘယ်လိုလုပ်ပြီးဘဝ‌ရည်မှန်းချက်ပန်းတိုင်ရောက်နိုင်တော့မလဲ?
ဒါကြောင့်
တချို့ကိစ္စတွေကိုဂရုမစိုက်ပါနဲ့၊
ဝေဖန်-လေကန်-တိုက်ခိုက်လာတိုင်း
အချိန်ကုန်ပြီးလိုက်မခံစားပေးနေပါနဲ့။
သင့်ရဲ့တန်ဖိုးကြီးလှတဲ့အချိန်တွေကို
အဲဒီလိုဘာမှအကျိုးမရှိတဲ့‌နေရာမှာမဖြုန်းလိုက်ပါနဲ့။
တဖက်ကထောက်ပြတာမှန်ရင်ဆင်ခြင်ပါ၊
ထောက်ပြလာတာမှားနေရင်
(တဖက်သတ်စွပ်စွဲ နေတာမျိုးဆိုရင်)
ဆုတောင်းပေးလိုက်ရုံပါဘဲ၊ကျန်တာဘုရားရှင်းပါလိမ့်မယ်။ဂရုစိုက်ပြီးလိုက်မခံစားပေးနေပါနဲ့။
(ဆာလံ၃၇:၁-၄လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့်စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့်ပြု​သော​သူ​တို့​ကိုမ​ငြူ​စူ​နှင့်။အ​ကြောင်း​မူ​ကား၊သူ​တို့​သည်မ​ကြာ​မ​မြင့်​မီ မြက်​ပင်​ကဲ့​သို့ရိတ်​ခြင်း​ကို​ခံ​ရ၍၊စိမ်း​သော​ပျိုး​ပင်​ညှိုး​နွမ်း​သ​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​ကိုခို​လှုံ၍၊ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ပြည်​တော်၌​နေ၍၊သ​စ္စာ​တ​ရား​ကိုကျက်​စား​လော့။ထာ​ဝ​ရ​ဘု​ရား၌မွေ့​လျော်​ခြင်း​ရှိ​လော့။သို့​ပြု​လျှင်၊စိတ်​နှ​လုံး​အ​လိုပြည့်​စုံ​ရ​သော​အ​ခွင့်​ကိုပေး​တော်​မူ​မည်။ )
အာမင်။