• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ထာဝရမ‌ပြောင်းလဲတဲ့ဘုရားသခင်ရဲ့ဖြစ်ခြင်း

ဆရာရဲမင်း

11 月 20, 2024

ထာဝရမ‌ပြောင်းလဲတဲ့ဘုရားသခင်ရဲ့ဖြစ်ခြင်း

ဘုရားသခင်ဘယ်လောက်ကောင်းမြတ်ကြောင်းသင်ဟောပြောငြင်းခုန်နိုင်မှဘုရားကကောင်းမြတ်လာတာမဟုတ်ရပါဘူး။သင်မဟောပြောမငြင်းခုန်နိုင်ရင်လဲဘုရားနဂိုကတည်းကကောင်းမြတ်တဲ့ဘုရားပါ၊အာမင်။

ဘုရားသခင်ကဘယ်လောက်တန်ခိုးကြီးကြောင်းသင်သက်သေပြနိုင်မှဘုရားကတန်ခိုးရှိလာတာမဟုတ်ရပါဘူး။သင်သက်သေမပြနိုင်ရင်လဲဘုရားကနဂိုတိုင်းတန်ခိုးကြီးတဲ့ဘုရားသခင်ပါဘဲ၊အာမင်။

ဘုရားသခင်တည်ရှိကြောင်းသင်အထောက်အထားများစွာဖော်ပြနိုင်လို့ဘုရားသခင်ရဲ့တည်ရှိခြင်းကပိုပြီးခိုင်မြဲသွားတာမဟုတ်ရပါဘူး။သင်သက်သေမပြနိုင်ရင်လဲဘုရားကမတည်ရှိဘဲဖြစ်မသွားပါ၊နဂိုထာဝရအမြဲတည်ရှိနေတဲ့ထာဝရဘုရားသခင်ပါ၊အာမင်။

ဘုရားသခင်ကိုသင်ချီးမွမ်းနိုင်လို့ဘုရားကပိုပြီးဘုန်းကြီးလာတာမဟုတ်ရပါဘူး။နဂိုကတည်းကအစဉ်ဘုန်းကြီးနေတဲ့ထာဝရဘုရားသခင်မို့ချီးမွမ်းကိုးကွယ်နေရတာပါ၊အာမင်။

ဟေဗြဲ 13:8 ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။