• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငြိမ်းချမ်းရေးအဖို့အမြဲဆုတောင်းပါ

ဆရာရဲမင်း

12 月 9, 2024

ငြိမ်းချမ်းရေးအဖို့အမြဲဆုတောင်းပါ

တချို့တဖက်စွန်းနေတဲ့ခရစ်ယာန်အမှုတော်ဆောင်တွေကဘယ်လိုခံယူလဲဆိုတော့-နောက်ဆုံးသောကာလမှာစစ်ပွဲဖြစ်ကိုးဖြစ်လာမှာဘဲ၊ဒါကြောင့်စစ်မဖြစ်ဖို့ဆုမတောင်းနဲ့၊တောင်းရင်လဲစစ်ပွဲကမုချဖြစ်လာမှာဘဲ-ဆိုပြီးပြောဆိုသွန်သင်တတ်ကြပါတယ်။နားထောင်ကြည့်ရင်မှန်သလိုလိုနဲ့အလွဲကြီးလွဲနေတာတွေ့ရပါလိမ့်မယ်။အမှန်တော့သမ္မာကျမ်းစာတော်မြတ်ထဲမှာငြိမ်းချမ်းရေးအဖို့ဆုတောင်းဖို့အများကြီးသွန်သင်ထားတာတွေ့ရပါလိမ့်မယ်။
၁။စစ်မတိုက်ဘဲငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့တိုင်းပြည်အုပ်ချုပ်သူတွေကိုဆုတောင်းပေးပါလို့ဖော်ပြပါတယ်။
၁တိမောသေ၂:၁-၂ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။
၂။ထာဝရစစ်ငြိမ်းခြင်းကိုမြော်လင့်ဆုတောင်းရပါမယ်။
ဆာလံ၄၆:၈-၉ ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။
နောက်ဆုံးသောကာလမှာစစ်ဖြစ်လာမှာမှန်တယ်၊ယုံကြည်သူ တွေထာဝရအိမ်ကို‌မြော်လင့်ရမှာလည်းမှန်တယ်။ဒါပေမဲ့ဒါကငြိမ်းချမ်းရေးအတွက်ဆုမတောင်းနဲ့လို့လုံးဝ(လုံးဝ)မ‌သက်ရောက်ပါဘူး။ကျမ်းစာမှာလည်းအဲလိုသွန်သင်ချက်လုံးဝ(လုံးဝ)မရှိပါ။
မဟုတ်ရင်နောက်ဆုံးသောကာလနိမိတ်နဲ့သက်ဆိုင်တာတွေအားလုံးအတွက်ဆုတောင်းစရာမလိုတော့ဘူးဖြစ်သွားမယ်။

ဥပမာ-နောက်ဆုံးသောကာလမှာ
၁။ဖောက်ပြန်သင်းကွဲသူရှိလာမှာမို့အသင်းတော်တလုံးတဝဖြစ်ဖို့ဆုတောင်းစရာမလိုတော့ဘူးလား?
တောင်းရမှာပါ။
၂။အစာ‌ခေါင်းပါးတဲ့ငတ်ပြတ်မှုတွေဖြစ်လာမှာမို့အသက်မွေးလောက်တဲ့အစာတွက်ဆုတောင်းစရာမလိုတော့ဘူးလား?
တောင်းရမှာပါ။
၃။မိစ္ဆာပရောဖက်တွေရှိလာမှာမို့သမ္မာသတိရှိစရာမလိုတော့ဘူးလား?
အင်မတန်လိုပါတယ်။
၄။ယုံကြည်သူတွေဖိနှိပ်ခံလာရမှာမို့မဖိနှိပ်ခံရအောင်ဆုမတောင်းရတော့ဘူးလား?
တောင်းရပါတယ်။
၅။အချင်းချင်းမုန်းတီးလာကြမှာဆိုတော့ခုကတည်းကမေတ္တာထားဖို့မလိုတော့ဘူးလား?
ထားကိုထားရပါမယ်။
ပြောရရင်အများကြီးရှိပါသေးတယ်။

နားလည်စေချင်တာက
သင်ဘယ်မှာနေနေယုံကြည်သူဟုတ်တယ်ဆိုရင်
နိုင်ငံငြိမ်ချမ်းရေးအတွက်အမြဲဆုတောင်းပါ၊
ထာဝရငြိမ်းချမ်းတဲ့နေရာကိုလည်းအမြဲမျော်လင့်ပါ။
တလွဲဆရာတွေနောက်မပါသွားစေနဲ့။
ဒါကျမ်းစာသွန်သင်ချက်ဘဲ။