ပညာရှိတွေသူငယ်တော်ကိုဖူးတာဗက်လင်နွားစာခွက်ထဲလား?နာဇရက်အိမ်မှာလားတဲ့?
အဖြေကရှင်းတယ်-နာဇရက်မှာပါ။
အကြောင်းပြချက်(၃)ခုရှိပါတယ်။ဖတ်ကြည့်ပါ။
၁။ပညာရှိတွေဟာနိုင်ငံရပ်ခြားကနေကုလားအုတ်လေးသာစီးပြီးလာရတာမို့(အဲဒီခေတ်ကလေယာဉ်/ကား/ရထား/ဆိုင်ကယ်/စက်ဘီး မရှိသေးလို့)၊ခရီးကလချီနှစ်ချီကြာသွားနိုင်ပါတယ်။ဆိုလိုချင်တာကသူငယ်ကိုသိုးထိန်းတွေလာဖူးမြော်ချိန်နဲ့ပညာရှိတွေလာဖူးမြော်ချိန်ဟာအချိန်နှစ်ချီခြားနေတာပါ။ယေရှုမွေးဖွားပြီးနွားစာခွက်ထဲမှာဘဲနှစ်ချီမထားထားတော့ပါ။သူကြီးပြင်းလာပါပြီ။ပညာရှိတွေရောက်လာချိန်အနည်းဆုံးယေရှုအသက်၁နှစ်ကျော်၂နှစ်နီးပါးရှိပြီဖြစ်ကြောင်း(မဿဲ၂:၁၆)မှာဟေရုဒ်မင်းကအချိန်ကိုတွက်စပြီး၂နှစ်အောက်ကလေးတွေကိုသတ်ခြင်းကနေခန့်မှန်းနိုင်ပါတယ်။ဒါကြောင့်ဗက်လင်မှာမဟုတ်တော့ပါ၊နာဇရက်မှာပါ။
၂။ပိုပြီးရှင်းလင်းစေတာကဒီကျမ်းချက်ပါ
ရှင်လုကာ၂:၃၉ မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။
ရှင်လုကာပြုစုရေးသားတဲ့ကျမ်းစာအသွားအလာရ
အခန်းကြီး၂အငယ်၂၁ကနေသေချာဖတ်ကြည့်ရင်
(၁)ယေရှူဗက်လင်မှာမွေးတယ်။
(၂)၈ရက်မြောက်မှာဗက်လင်မှာဘဲအရေဖျားလှီးပေးပြီးနာမည်မှည့်တယ်။(ဒီနေရာမှာတချို့ဆရာတွေကဂျေရုစလင်ဗိမာန်တော်မှာအရေဖျားလှီးတာပါလို့ပြောလာကြပါတယ်၊သတိထားပါ-စင်ကြယ်ခြင်းနေ့မစေ့မခြင်းမာရိခရီးထွက်လို့မရတာအောက်ကလင့်မှာလေ့လာကြည့်ပါ)
(၃)ပြီးရင်ကျမ်းဟောင်းပညတ်အတိုင်းမာရိကဗက်လင်မှာဘဲစင်ကြယ်ခြင်းဝတ်(အနည်းဆုံး၃၃ရက်ဝန်းကျင်)ကိုပြုရတယ်။အသေးစိပ်ဒီမှာဖတ်ပါ
https://www.facebook.com/100001226263944/posts/3903682296349274/
(၄)စင်ကြယ်ခြင်းဝတ်ပြုပြီးမှသာယေရုစလင်ဗိမာန်တော်ကိုသွားကြတာပါ။ဗိမာန်တော်မှာသားဦးကိုဆက်ကပ်ပြီးတာနဲ့ဗက်လင်မြို့ကိုပြန်တယ်လို့ရှင်လုကာကမရေးသားဘဲ၊ဂါလိလဲပြည်နာဇရက်ဆိုတဲ့သူတို့နေအိမ်ကိုပြန်သွားကြကြောင်းအတိအကျ(အတိအကျ)ရေးထားပါတယ်။ဒါကြောင့်သူတို့ပြန်သွားပြီးမှပညာရှိတွေရောက်လာတာပါ။ပညာရှိတွေယေရုစလင်ကနန်းတော်ကိုရောက်ခဲ့ပေမဲ့ယေရှုကိုမတွေ့ဘဲ၊နာဇရက်မှာမှဖူးတွေ့ခွင့်ရခဲ့ကြောင်းပိုပြီးသေချာစေပါတယ်။
၃။နောက်တခုကရှင်မဿဲ၂:၁၁မှာ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။လို့ဖော်ပြထားပါတယ်။
သတိပြုပါ-ပညာရှင်တွေယေရှုကိုရှာတွေ့တဲ့နေရာကတည်းခိုခန်းကနွားတင်းကုပ်(နွားစားခွက်ထဲ)မဟုတ်တော့ပါ။အိမ်မှာဖြစ်ပါတယ်။သူငယ် တော်လည်းအူဝဲလေးမဟုတ်တော့ပါ၊အနည်းဆုံးတစ်နှစ်ကျော်ပါပြီ။ဒါကြောင့်နာဇရက်အိမ်မှာလို့ပြောလို့ရတာပါ။
အမှန်ကဒါတွေဟာကျမ်းစာလေ့လာတဲ့အခါမှာသာအရေးကြီးတာပါ။ကယ်တင်ခြင်းအရတော့ဒါတွေဟာသာမညပါဘဲ၊နာဇရက်ဖြစ်ဖြစ်ဗက်လင်ဖြစ်ဖြစ်ပြဿနာမရှိပါ။အဓိကကတော့ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင်နဲ့ကျွန်ုပ်ကိုလာကယ်တင်ဖို့ဖြစ်တယ်။ဒါအဓိကပါဘဲ။
လွတ်လပ်စွာကွဲလွဲခွင့်ရှိတာမို့လွတ်လပ်စွာလေ့လာပြီးခံယူနိုင်ပါတယ်။
သာယာပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ။
အာမင်။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/9312197462164370/