ကမ္ဘာ့အချမ်းသာဆုံး Bill Gates သော့ချက်
ဆယ်နှစ်နီးပါးကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာရပ်တည်လာတဲ့ bill gates ဟာညာဏ်ကြီးသူဖြစ်တင်စားခံရသလိုငွေရှာစက်လို့လဲသူ့ကိုတင်စားကြပါတယ်။သူဟာ Microsoft ကုမ္မဏီကိုတည်ထောင်သူတဦးလဲဖြစ်ပါတယ်။သူဟာအချိန်ရောက်လာရင်ပင်စင်ယူပြီးသူရှိသမျှအားလုံးကိုဖောင်ဒေးရှင်းတခုဖြစ်တဲ့ Bill & Melinda Gates Foundation မှာလှူခဲ့မှာဖြစ်ပြီးမိသားစုအတွက်ဘာမှချန်ခဲ့ပေးမည်မဟုတ်ကြောင်းပြောခဲ့ပါတယ်။ ဒါကြောင့်ကမ္ဘာမှာရှိသမျှအကုန်လှူတာ Warren Edward Buffett ပြီးရင်သူကဒုတိယလူလို့ပြောလို့ရပါမယ်။
Bill Gatesဟာရိုးရိုးလေးနဲ့သိုးမွေးအိင်္ကျငီ်္ကိုဝတ်တတ်တော့၊လူတွေကအံ့ဩကြတယ်၊ကမ္ဘာ့ထိပ်တန်းသူကြွယ်ကဘာလိုသာမန်ဝတ်စားသလဲ၊မသိရင်ဘယ်လောက်ချမ်းသာမှန်းလုံးဝကြည့်မထွက်ဘူးပေါ့။ဒါနဲ့သူ့အကြောင်းသိတဲ့သတင်းထောက်တွေကတော့…သင်တကယ်ငွေအလွန်ချမ်းသာလာတဲ့တနေ့မှာသင့်အဝတ်အစားအားဖြင့်ဘယ်လောက်ချမ်းသာကြောင်းပြစရာမလိုတော့ပါဘူးဆိုပြီးရေးကြပါတယ်။
ကကကျွန်တော်တို့မှာမေခွန်းတခုရှိပါလိမ့်မယ်၊Bill Gates ကဘာလို့မိသားစုနောင်ရေးအတွက်ဘာမှမချန်ပေးဘဲဘာလို့အားလုံးကိုဖောင်ဒေးရှင်းတခုမှာလှူဖို့စိတ်အားထက်သန်နေရလဲ?သူချမ်းသာမှုကနောင်လာနောင်သားတွေထိုင်စားလို့ဘယ်နှစ်ဆက်တောင်ရမလဲ?ဒါပေမဲ့သူဒီလိုမလုပ်ဘူး၊သားသမီးတွေကိုကိုယ့်ချေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လမ်းဖွင့်ပေးခဲ့တယ်၊နောက်ပြီးသူလှူမယ့်ဖောင်ဒေးရှင်းဟာအခက်ခဲကြုံနေရတဲ့လူတွေကိုကူဖို့နဲ့ဘေးအမျိုးမျိုးကယ်ဆယ်ဖို့၊မရှိဆင်းရဲသားကိုထူဖို့နဲ့အာဖရိကမှာရှိတဲ့AIDSရောဂါသည်တွေအတွက်ဖြစ်ပါတယ်။ သူဒီလိုလှူတာဟာသူရဲလို့မဟုတ်သလိုရူးလို့လဲမဟုတ်၊နာမည်ကြီးချင်လို့မဟုတ်သလိုနေရာရာထူးရချင်လို့လဲမဟုတ်ပါ။တကယ်လေ့လာကြည့်တဲ့အခါသူ့ယုံကြည်ကိုးကွယ်မှုကဒီအရာကိုတွန်းပို့ခဲ့ခြင်းဖြစ်ပါတယ်။
ကက၁၉၅၅နှစ်၁၀လ၂၈ရက်၊အမေရိကန် Seattleရဲ့ရှေ့နေနဲ့ဆရာမိသားစုအိမ်မှာBill Gates မွေးဖွားခဲ့တယ်။ငယ်စဉ်ကပညာကိုကောင်းမွန်စွာသင်ယူခဲ့ရတယ်၊၇နှစ်အရွယ်မှာကတည်းကသမ္မာကျမ်းစာရှင်မဿဲကိုအလွတ်ဖတ်နိုင်ခဲ့တယ်လို့လူတွေပြောကြတယ်။ရှင်မဿဲခရစ်ဝင်ကျမ်းဟာအလွန်ရှည်ပါတယ်၊သာမန်လူတယောက်အလွတ်ဖက်ဖို့မပြောနဲ့ကြည့်ဖတ်ဖို့တောင်အချိန်တခုကြာမြင့်မှာဖြစ်ပါတယ်။ဒါပေမဲ့Bill Gatesလုပ်နိုင်ခဲ့တယ်။သမ္မာကျမ်းစာကိုအလွတ်ဖတ်နိုင်ခြင်းကသူ့ညာဏ်ကိုပိုတိုးပွားစေခဲ့တယ်၊အများတကာအရှေ့မှာအလွန်ထက်မြတ်တဲ့ကလေးတယောက်အဖြစ်တင်စားခံခဲ့ရတယ်။သူ ၁၁ နှစ်အရွယ်မှာသင်္ချာနဲ့သဘာဝသိပ္ပံဘာသာရပ်သူ့ကိုလိုက်မှိသူမရှိဖြစ်ခဲ့တယ်။
ကသမ္မာကျမ်းစာကိုအလွတ်ဖတ်ခြင်းကပေးလိုက်သောအကျိုးဟာစာပေပိုမြတ်နိုးလာခြင်းဖြစ်ခဲ့တယ်၊ကမ္ဘာ့အထွေထွေစာအုပ်မှအစပညာရှင်စာအုပ်များစွာကိုအသက်၈နှစ်မှစဖတ်ခဲ့တယ်၊ငယ်ငယ်လေးနဲ့ဦးနောက်ဖွံဖြိုးပြီးလူနဲ့မလိုက်အောင်ပညာရှိခဲ့တယ်။ဒါတွေဟာနောင်တချိန်မှာကမ္ဘာ့အချမ်းသာဆုံးဖြစ်ဖို့အတွက်အခိုင်မာဆုံးအခြေခံအုပ်မြစ်အဖြစ်စတည်ခဲ့ပါတော့တယ်။
ချစ်သောမိတ်ဆွေ
သမ္မာကျမ်းစာဟာလူတွေကိုပြောင်းလဲစေနိုင်သလို၊ပညာကြွယ်ဝစေနိုင်တယ်၊သမိုင်းမှာအောင်မြင်ခဲ့တဲ့လူတွေများသောအားဖြင့်ကျမ်းစာကိုအစွဲလုပ်ခဲ့ကြသူတွေပါ။
ဥပမာWarren Edward Buffettဆိုတာကလည်းယုံကြည်သူခရစ်ယာန်တဦးဖြစ်ပါတယ်။သူနှစ်တိုင်းရေးနေကျဖြစ်တဲ့ “ရှယ်ရာပါသူများအတွက်စာတစောင်” မှာသမ္မာကျမ်းစာကစကားတွေကိုအများဆုံးသုံးခဲ့ပါတယ်တဲ့။သူ့အမြင်မှာရှိသမျှဥစ္စာတွေဟာဘုရားခေတ္တအုပ်စိုးခိုင်းထားတာဖြစ်ကြောင်းနဲ့သေရင်ဘုရားလက်ထဲပြန်အပ်ခဲ့ရမှာဖြစ်ကြောင်း၊ဒါကြောင့်ငွေကိုဘုရားအလိုတော်ရှိတဲ့နေရာမှာသုံးသင့်ကြောင်းပြောခဲ့ပါတယ်။
…………………………………………………………………………
ကျမ်းချက်
ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။(တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၅-၁၇)။