ဝတ်ပြုစည်းဝေးမှာဘုရားကိုမထီမဲ့မြင်ပြုသူများ
၁။ဘုရားဝတ်ပြုဖို့ဘုရားကျောင်းရောက်လာပေမဲ့ဝတ်ပြုချိန်ဖုန်းကိုသာငုံ့ပြီးပွတ်နေသူများ။(ဘုရားလာရှိခိုးတာမဟုတ်ဘဲဖုန်းလာပွတ်တာ၊ကောင်းကြီးလာယူတာမဟုတ်ဘဲကျိန်ခြင်းလာယူတာ)။
၂။အားလုံးဝတ်ပြုနေချိန်ဖုန်းသံအကျယ်ကြီးဖွင့်ထားပြီးဖုန်းပြောနေသူများ။(ဘုရားထက်ကြီးတဲ့သူဖုန်းဆက်လာလို့လားမသိ)။ဒီအထဲအမှုတော်တောင်တွေတောင်ပါသေး။
၃။ဘုရားဝတ်ပြုသွားတိုင်းဖုန်းသံကိုတမင်တကာဖွင့်ထားတတ်သူများ။ (ဘုရားထက်အရေးကြီးတဲ့ကိစ္စဖုန်းဝင်လာရင်မကိုင်မိမှာစိုးလို့ဖြစ်မယ်)။ဝတ်ပြုတုန်းဖုန်းကထထအော်တော့အလန့်တကြားဖြစ်။ဒီအထဲအမှုတော်တောင်တွေအပါအဝင်။
၄။ဝတ်ပြုချိန်တိုင်းအမြဲအချိန်နောက်ကျပြီးသာရောက်လာတတ်သူများ။(လေယာဉ်စီးဖို့ဆိုရင်တော့ဘယ်လောက်ဝေးဝေးနှစ်နာရီကြိုရောက်ဘဲ)။
၅။ဝတ်ပြုနေချိန်တိုင်းအမြဲစကားကျယ်လောင်စွာပြောဆိုနေကြသူများ။(ဘုရားဝတ်ပြုဖို့လာတာမဟုတ်စကားစမီပြောဖို့သာလာတာ)။
၆။ဝတ်ပြုနေချိန်တိုင်းအမြဲဝင်လိုက်ထွက်လိုက်လုပ်တတ်သူများ။(ဘုရားတရားကသူ့အထဲကဝိညာဉ်ဆိုးကိုမငြိမ်မသက်ဖြစ်နေစေတာလားမသိ-ဆင်ခြင်)
၇။ဝတ်ပြုစည်းဝေးသာလာတာအတင်းတုပ်ဖို့နဲ့အမုန်းပွားဖို့ရောက်လာကြသူများ။(လူကိုယ်တိုင်ဘုရားဆီရောက်လာပေမဲ့ပါးစပ်ကအပြစ်ပြုတုန်း)
၈။ဝတ်ပြုနေချိန်တိုင်းအမြဲအိပ်ငိုက်အိပ်မောကျပြီးရှိုက်သံပါထွက်နေတတ်သူများ။(ဘုရားကျောင်းမှာဘဲအိပ်ပျော်လို့-အိပ်ဖို့လာတာ)
၉။ဘုရားကျောင်းမှာမိမိတာဝန်ကျတဲ့အရာပြီးသွားရင်ဖုန်းထွက်ပွတ်နေတတ်သူများ။(ဥပမာ-ဝေါရှစ်လီတာနဲ့တီးဝိုင်းအဖွဲ့ကသူတို့ဦးဆောင်တာပြီးရင်ဝတ်ပြုဆက်မပါဘဲအပြင်မှာဖုန်းထိုင်ပွတ်နေတာလက်တွေ့)
ဖုန်းနဲ့ကျမ်းစာကြည့်တာ၊မှတ်စုမှတ်တာ၊သီချင်းစာသားကြည့်တာကို ပြောနေတာမဟုတ်ဘူး၊ဝတ်ပြုချိန်၂နာရီ လေးမှာတောင်တချိန်လုံးဖုန်းဂိမ်းနဲ့တခြားဆိုရှယ်ဘဲချက်တင်လုပ်နေတာကိုပြောတာ။ထပ်ပြောချင်တာကတပတ်၇ရက်ဖုန်းစိတ်ကြိုက်ပွတ်ပါ၊ဝတ်ပြုချိန်၂နာရီလေးတော့ဘုရားနဲ့သာအာရုံပြုပါ။နောင်တမရဘဲဒီတိုင်းဝတ်ပြုစည်းဝေးဆက်ပါနေရင်ကောင်းကြီးမင်္ဂလာမဖြစ်ဘဲကျိန်ခြင်းအမင်္ဂလာသာဖြစ်နေပါလိမ့်မယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
၁ ကော၁၁:၁၇ တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။
ဂလာတိ၆:၇ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။
မူရင်း-ဆရာရဲမင်း